Zawgyi •°•°•°
ရှင်းတုရော လိယန်ရော မလာတာမို့
အနည်းငယ်တော့ ခြောက်ကပ်ကပ်နိုင်သည်။
ချင်းဖေကတော့ ရှင်းတုက အိမ်မှာကိစ္စလေးရှိလို့ဟုသာပြောသည်။ လိယန်ကတော့ ခွင့်တိုင်ထားသည်တဲ့။
သို့နှင့် ဇန်ဒါလည်း ခဏမျှစဉ်းစားပြီးနောက် နံပါတ်တစ်ခုကို နှိပ်လိုက်တော့သည်။တဖက်တွင်လည်း အစာအိမ်မကောင်းလျှင် ခေါင်းကပါ ကိုက်တတ်သည့် အကျင့်ကြောင့် လိယန်မျက်ခုံးအစုံတို့ တွန့်ချိုးနေသည်။ နားထင်ကို နှိပ်နေပြီး မျက်လုံးတို့မှိတ်ထားလေသည်။ ထိုစဉ် ဖုန်းတုန်ခါသံကိုကြားသော်လည်း ကိုင်ချင်စိတ်မရှိတာမို့ မကိုင်ခဲ့။ သို့သော် ဖုန်းကထပ်မြည်မလာတော့ပေ။ တွေးကြည့်တော့လည်း
အလုပ်ကိစ္စအရေးကြီးဖြစ်နေမှာစိုးတာကြောင့်
နံပါတ်ကို ကြည့်လိုက်တော့သည်။"ဟဲလို ခင်များအဆင်ပြေရဲ့လား"
"အင်း ဖုန်းခေါ်ထားတာတွေ့လို့"
လိယန်အသံက အနည်းငယ် အက်ကာ ဖျော့တော့
နေသည်။"မနေ့ကကြောင့်မလား။ တောင်းပန်ပါတယ်
ကျွန်တော့်ကြောင့်ပါ""မဟုတ်ပါဘူး။ ကိုယ်လည်း ပျော်ခဲ့ရပါတယ်"
"ရှင်းတုလည်း မလာဘူး"
"အင်း"
"ဆရာချန်ကလေ ဒီနေ့ ကျွန်တော့်ကို စာမေးတယ်"
"အင်း ဖြေနိုင်လား"
"အင်း။ နောက်ပြီး မင်ယွဲ့ကတော့ ခင်များကို
တော်တော်သတိရနေတာ။ ခင်များနဲ့ အတူတူ
မစားရတော့ သူ့မှာပြောမဆုံးတော့ဘူး""မင်းကရော"
"ဘာကိုလဲ"
"မင်းကရော သတိရလား"
တဖက်ကကောင်လေး အဖြေကို လိယန်စိတ်ရှည်ရှည်ပင်
စောင့်နေသည်။"ခင်များရော ရှင်းတုရောမလာတော့ နည်းနည်း
တော့ ဟာတာတာဖြစ်တယ်""ကိုယ်အမြန်ဆုံးနေကောင်းအောင် နေပါ့မယ်"
"အင်း အရင်လို ထမင်းအတူတူစားကြမယ်။ ဒါနဲ့
ခင်များဘာစားချင်လဲ"

YOU ARE READING
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Romanceဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။