Part 31 🚨

737 74 2
                                    

Zawgyi •°•°•°

Over 16 years ပါနော်။ အဟဲ

"ယန်မင်ချန်းကို အခန်းထဲ လွှတ်လိုက်။ ပြီးတော့ GM ကိုပါခေါ်ထား"

ယန်မင်ချန်းမနေ့ကတည်းက အကြောင်းပြချက်တွေ တွေးထားခဲ့လေသည်။ ဒါကြောင့် ဒီနေ့ လိယန်မေးရင်တောင် အကောင်းဆုံးဖြေရှင်းနိုင်မည်ဟုယုံကြည်သည်။ အခန်းထဲရောက်တော့ လိယန်က ခြေချိတ်ကာ ဆုံလည်ကုလားထိုင်မှာထိုင်နေသည်။
ယန်မင်ချန်းဝင်လာတော့ ထိုင်ရန်ပင်မပြောပဲ လိုရင်း တန်းပြောလာသည်။

"ခဏနေ GM ရောက်လာမယ်။ မင်းသူ့နောက်လိုက်သွားတော့။ ဈေးကွက်စုံစမ်းရေးဌာနမှာ တာဝန်ထမ်းဆောင်တော့"

"ကျွန်တော် လက်မခံနိုင်ပါဘူး"

လိယန်က တစ်ချက်ပင် မကြည့်ခဲ့သလို ဘာမှလည်း
ထပ်မပြောခဲ့။ ဆုံးဖြတ်ချက်ချပြီးသား ဆိုသည့်ပုံစံမျိုးပင်။

"မနေ့ညကကိစ္စမှာ ကျွန်တော်အပြစ်မရှိပါဘူး။
တာဝန်ခံနဲ့ ချန်းဇန်ဒါအကြောင်းလည်း မသိခဲ့တာမို့
အဲဒီချိန် အလုပ်ဆင်းပြီးဖြစ်တဲ့အချိန်မို့ တာဝန်ခံမှာ ချိန်းထးတာ မရှိတာလည်း သိတာမို့ မသိဘူးလို့ပြောလိုက်တာပါ"

လိယန်က တော်တော်ကြာတဲ့အထိ ဘာမှမပြောခဲ့။ ထို့နောက် ဖောင်တိန်ကိုချကာ ကုလားထိုင်ကို ကျောမှီလိုက်သည်။

"မင်းစိတ်ထဲတော့ အကြောင်းပြချက်တွေပြင်ဆင်ပြီးပြီလို့ထင်မှာပေါ့။ မနေ့ညက အိပ်ရောအိပ်ခဲ့လား။ ဒီနေ့ဘယ်လိုအကြောင်းပြချက်တွေပေးရမလဲ သေချာလေးတွေးနေခဲ့မှာပေါ့။ မင်းနားလည်ထားရမှာက
ငါ့ကောင်လေးကို ငါက ယုတ္တိတန်အောင် ဆက်ဆံမယ်ထင်လို့လား။ မင်းအပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ
ငါ့လူ စိတ်တစ်ချက်ညှိုးတာနဲ့ ယုတ္တိရှိရှိ မရှိရှိ ငါဆုံးဖြတ်ချင်သလို ဆုံးဖြတ်မှာပဲ။ ပြီးတော့ မင်းဥာဏ်တထွာတမိုက်နဲ့ ငါ့ကို
လာမလိမ်ချင်နဲ့။ ဇန်ဒါကနေတဆင့် မင်းမုန့်ပေးထားခဲ့ဖူးတာလည်းမမေ့နဲ့။ ဇန်ဒါနဲ့ ငါတို့အဖွဲ့ ဘယ်လောက်နီးကပ်ခဲ့တယ်ဆိုတာ ကျောင်းက လူတိုင်းသိတယ်။ မင်းမသိဘူးဆိုရင် ကန်းနေတာများလား။ သူငယ်ချင်းတစ်ယောက်က အောက်မှာရောက်နေပြီး ကိုယ့်သူဌေးကို တွေ့ချင်တယ်ဆိုရင် မင်းလုပ်သင့်တာက အရင်ဆုံးအောက်ဆင်းသွားပြီး အကျိုးအကြောင်းမေးတာမျိုးဖြစ်ရမှာ"

ချစ်ခြင်းတေးသွား [ချစ်ခြင်း​တေးသွား]Tempat cerita menjadi hidup. Temukan sekarang