Zawgyi •°•°•°
လိယန်ရုံးခန်းမှာ အလုပ်ရှုပ်နေတုန်း ချန်ဖုန်းက
ပြောလာသည်။"ယွမ်သခင်ကြီး လမ်းမှာရောက်နေပြီလို့ပြောပါတယ်"
လိယန်ကတော့ ဘာမှမပြောပဲ ခေါင်းငြိမ့်ပြလိုက်သည်။
၁၅မိနစ်ခန့်အကြာမှာတော့ ယွမ်တရှင်းက တုတ်ကောက်တစ်ချောင်းနှင့်အတူ အခန်းထဲဝင်လာတော့သည်။
လိယန်က ခုံကနေထကာ သူ့အဖိုးကို လာကူတွဲလေသည်။"ဘယ်လိုဖြစ်တာလဲ။ ရာသီဥတုက အေးနေတာကို
အပြင်ထွက်လာသေးတယ်။ အဖိုးအဆစ်အမြစ်တွေကို
မလိုချင်တော့ဘူးလား"ယွမ်ဖိုးဖိုးက လိယန်ရဲ့လက်တွေကို အသာပုတ်ကာ ရယ်မောနေတော့သည်။
"ဒီအဖိုး မသေခင်တော့ မြစ်ချီသွားရမယ်တော့
မျှော်လင့်ပါတယ်"အဖိုးယွမ်စကားကြောင့်လိယန်နှုတ်ခမ်းတို့
စေ့သွားသည်။"အဖိုး ကျွန်တော်က အခုမှ ၂၀ ပြည့်မှာနော်။ အချိန်တွေကျန်ပါသေးတယ်။ အဖိုးကျန်းမာရေးသာ ဂရုစိုက်ပါ"
"အခုကတည်းက တစ်ယောက်ယောက်နဲ့ ခံစားချက်တွေပျိုးထောင်မှ ၂၅ မတိုင်ခင် ယန်အာ အိမ်ထောင်ပြနိုင်မှာလေ"
"ဒီခေတ်မှာ ဘယ်သူမှ ၂၅ မယူတော့ဘူး အဖိုး။ အကုန်လုံးက ၃၀ လောက်မှ လက်ထပ်ကြတော့တာ"
"မိန်းကလေးဘက်ကို တွေးပေးရမယ်လေ။ မိန်းကလေးတွေက ၂၅ ကျော်ရင် ကလေးယူလို့မကောင်းတော့ဘူးကွဲ့။ ကျန်းမာရေးဆိုတာလည်း အချိန်အကန့်အသတ်ရှိတယ်"
"အခုမှတွေ့ရတာကို ဒီအကြောင်းတွေ ပြောပြီးအချိန်ကုန်ခိုင်းတော့မှာလား။ အဖိုးဒီနေ့ ဘယ်သွား
ချင်လဲ ဘာစားချင်လဲပြော"အဖိုးယွမ် ပြုံးပြုံးနှင့်ပင် သဘောကျနေသည်။ လိယန်လည်း ဒီနေ့ အစီအစဉ်တွေ အကုန်ဖျက်လိုက်ပြီးနောက်
ဇန်ဒါ့ကို စာပို့လိုက်သည်။{အဖိုးရောက်လာလို့လေ အဲဒါ အဖိုးနဲ့ဒီနေ့ နေပေးလိုက်ဦးမယ်။ ပေါင်ပေ့ကိုလာမကြိုတော့ဘူးနော်။ ချစ်တယ်}
၁၀ မိနစ်အကြာမှာဆော့ စာပြန်ရောက်လာသည်။
{အဖိုးနဲ့ သေချာdate လိုက်ပါ။ ချစ်တယ် }

DU LIEST GERADE
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Romantikဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။