Part 5 🎶

1K 119 1
                                    

Zawgyi •°•°•°

ဇန်ဒါ့ခေါင်းက အထွေအထူးမဟုတ်ပေ။ ပြုတ်ကျ
ထားရာက အာရုံကြောဒဏ်ပိသွားပြီး မေ့လဲ
သွားတာပင်။ ဆရာဝန်က နားနားနေနေ နေရန်
ပြောဆိုပြီးနောက် အာရုံကြောအားဆေး
တစ်ချို့ပေးကာ ဆေးရုံက ဆင်းခိုင်းလေသည်။
ချန်းမေမေကို ဖုန်းဆက်ပြီး မလာတော့ရန်သာ
ပြောလိုက်တော့သည်။

တဖက်လေဆိပ်တွင် အပြန်အတွက် အထူးတန်း
လက်မှတ်ဖြတ်နေသူ ချန်းမေမေမှာတော့
ငူငူငိုင်ငိုင်နှင့်ပင်။ ချန်းဖေဖေက သူ့ဇနီးလက်မောင်းကို ဖက်ကာ

"ဘာလို့လဲ သားက စိုးရိမ်ရတာလား"

"စိုးရိမ်ရတာတော့ဟုတ်တယ် ကျန်းမာရေးတော့
မဟုတ်ဘူး"

ခဏနားပြီးတော့ ပြန်ပြောလာသည်။

"သူဆေးရုံကဆင်းတော့မှာမို့ မလာနဲ့တော့တဲ့။
အစကကတော့ ကောက်နေတယ်ထင်တာ ဒါပေမယ့်
အေးဆေးပဲ။ မနေ့က အိမ်ထိန်းစားစရာသွားဝယ်တော့ လိယန်ဆီမှာသွားထိုင်စောင့်နေလိုက်တယ်တဲ့။
အာရုံကြော အားနည်းသွားတာမို့ နားဖို့ပဲ ဆရာ
ဝန်ကပြောပြီး အားဆေးပေးလိုက်တယ်တဲ့"

"အော် ဒါသတင်းကောင်းပဲလေ။ ဒါနဲ့ ဘာလို့ဒီလိုဖြစ်နေတာလဲ"

"ရှင်လည်းသိပါတယ် သားက နေမကောင်းရင် တအားဆိုးတာ။ သူ့နားလူရှိနေမှလေ။ ဒါပေမယ့် အခုကျ သူ့ဘာသာသူကောင်းကောင်းနေနိုင်နေတယ်။ သူကျွန်မတို့ကို မလိုတော့ဘူးလားမသိဘူး။ ကျွန်မတို့ကို မိဘလို့တောင်မသတ်မှတ်တော့ဘူးထင်ပါတယ်။
ငယ်ငယ်ကဆို သူ့ကိုထားပြီး စီးပွားရေးတွေအတွက်
သွားရတိုင်း သူတအားငိုတာလေ။ ကလေးတစ်ယောက်က ဂျီကျတယ်ဆိုတာ မိဘတွေချော့တာ ခံချင်လို့လေ။ အခုသားကတော့ ကျွန်မတို့ကို သူမလိုချင်တော့ဘူးထင်ပါတယ်။ အတိတ်မေ့တာက မုန်းတာတွေ နာကျင်ရတာတွေကိုမှ ကွက်မေ့တတ်တယ်လို့လည်းကြားဖူးတယ်။
ကြည့်ရတာ သူဒီအသိုင်းအဝန်းကြီး၊ ကျွန်မတို့၊ လိယန်ကိုပါ သူ့မသိစိတ်ထဲကနေ မုန်းတီးနေလား
မသိတော့ဘူး။ အတိတ်မေ့သွားရင် အရင်က
မမြင်နိုင်ခဲ့တဲ့ မသိစိတ်က ပေါ်လာတတ်တယ်တဲ့။ အန်ကယ်နဲ့အန်တီလို့ခေါ်တော့ သူ့စိတ်ထဲ ကျွန်မတို့ကို မိဘအဖြစ် အရင်ကတည်းက မသတ်မှတ်တော့တာများလား။ ကျွန်မတို့
စီးပွားရေးပဲကြည့်ပြီး သူ့ကိုပစ်ထားမိပြီထင်တယ်။ ကျွန်မကျန်းမာရေးကြောင့် သူ့အတွက်
အဖော်ရအောင်လည်းမမွေးပေးနိုင်တော့ အထီးကျန်ခဲ့ရတယ်ထင်ပါတယ်"

ချစ်ခြင်းတေးသွား [ချစ်ခြင်း​တေးသွား]Where stories live. Discover now