Zawgyi •°•°•°
"ဒုက္ခပဲ ရပါ့မလားမသိဘူး။ နဂိုအတန်းတော့
ပြန်မသွားချင်ဘူး""စိတ်ပူမနေနဲ့
ထုံးစံအတိုင်းလိယန်က ဇန်ဒါ့ခေါင်းကို လာပွတ်
လေသည်။"လာလာမပွတ်ပါနဲ့။ စာတွေမေ့ကုန်မယ်"
"အင်း"
ထိုအခါ ပါးကို လာဆွဲပြန်သည်။
"ပါးလည်းလာမဆွဲနဲ့ ပါးဖောင်းလိမ့်မယ်"
"ဒါဆို ဘာလုပ်ရမှာလဲ"
"ဘာမှ လာမလုပ်နဲ့ ဝေးဝေးနေ"
"အင်း"
အင်းလို့သာပြောပေမယ့် ဇန်ဒါ့အနား ပိုလို့တောင်ကပ်လာတော့သည်။ ဇန်ဒါ စောင်းကြည့်လိုက်ရင်း
မနိုင်တော့လည်း လွှတ်ထားလိုက်ရုံကလွဲ မရှိဘူးမလား။ချင်းဖေကတော့ ရှင်းတုပုခုံးပေါ် လက်တင်ထားရင်း
ပြောလာသည်။"သွားသွားစနေတယ်"
"သူ့ပုံက ငါးပူတင်းနဲ့မတူဘူးလား။ စိတ်တိုလာရင်
ပွစိပွစိဖြစ်ပြီး ပါးကြီးဖောင်းလာတာ""အေး အာ့ငါးပူတင်းရဲ့ခေါင်းနဲ့ ထိုးတာ
ခံကြည့်မလား"ဇန်ဒါဆံပင်တွေနဲ့ လိယန်ကို လိုက်ထိုးတော့သည်။ ထိုအခါကျတော့လည်း ဇန်ဒါကို သိုင်းဖက်ကာ
"မဆိုးနဲ့တော့"
"ဆိုးမှာပဲ ခင်များစတုန်းကအကောင်း ကျွန်တော်
ပြန်စမှ ဆိုးတယ်တဲ့လား""အင်းပါ အင်းပါ ဆိုး ဆိုး"
ဘာလေသံကြီးတုန်းဟ!
ဇန်ဒါ့ကို လက်တဖက်ကသိုင်းဖက်ရင်း တဖက်က
ခေါင်းကို ဖွနေပြန်သည်။ ထိုအချိန်"ဇန်...ဇန်ဒါ"
အသံကြားလို့ ဇန်ဒါစောင်းကြည့်လိုက်တော့
မင်နာပင်။ ထိုအခါ ချက်ချင်း လိယန်ဆီကနေရုန်းထွက်ကာ
ဆံပင်တွေကို သပ်လိုက်ရင်း အဝတ်တွေပါပြင်လို့"အာ မင်နာ။ ဘယ်လိုလုပ် ရောက်လာတာလဲ"
"ဒါလေးလေ စာမေးပွဲဖြေနိုင်ပါစေနော်"
မင်နာ့လက်ထဲမှာတော့ စတော်ဘယ်ရီကိတ်အသေးလေး တစ်လုံပင်။ ဇန်ဒါကတော့ အားနာတာမို့ ငြင်းလိုက်
တော့သည်။
YOU ARE READING
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Romanceဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။