Zawgyi •°•°•°
ကားပေါ်မှာတော့ လိယန်ပေါင်ပေါ် ဇန်ဒါ
ခြေထောက်တင်ထားသည်။"နှိပ်ပေး"
လိယန်က ဘာမှမပြော ခြေကျင်းဝတ်လေးကို
နှိပ်နယ်ပေးနေသည်။"အရမ်းနာသွားလား"
"နာတာပေါ့။ အဲဒီအချိန် ခင်များက လာအော်တယ်လေ။ ၁၀ဆ ပိုနာတယ်"
ဇန်ဒါက ရှုံ့မဲ့ပြီးပြောတော့ လိယန်က တောင်းပန်လာလေသည်။ ကျောင်းရောက်တော့ ဇန်ဒါလည်း
အိတ်ထဲက ဘူးလေးတစ်ဘူးကို ထုတ်ကာ လိယန်ကိုပေးလိုက်သည်။"ကိုယ့်အတွက်လား"
ဇန်ဒါကဘာမှမပြောခဲ့ပေ။ လိယန်ဘူးကို ဖွင့်လိုက်တော့
ဖုန်းကီးချိန်းလေးတွေ့လိုက်ရသည်။ စာလုံးလေးတွေတောင်ပါသေးရဲ့။ My Leon ဆိုတဲ့စာလုံးလေးတွေကို လိယန်ကြည့်နေမိသည်။"ခင်များက ဒင်နာတက်ပြီး ကနေချိန် ကျွန်တော်ကတော့ အခန်းထဲ တစ်ယောက်တည်း ဒါတွေလုပ်နေခဲ့ရတာ။ ခင်များ ရွှီနျန့်နန်နဲ့သွားတွေ့တယ်လို့ ထင်နေတဲ့
အချိန်မှာတောင် ခင်များအတွက် လုပ်ပေးခဲ့တုန်းပဲ"လိယန်က ဇန်ဒါ့ကိုယ်လေးကို ထွေးပွေ့ထားလိုက်တော့သည်။
"တောင်းပန်ပါတယ် နောက်ဆို အကုန်ပြောပြပါ့မယ်။
ပေါင်ပေ့လည်း မကျေနပ်ရင် အော်လိုက် ရိုက်လိုက်။
ဘာမှမပြောပဲ ကိုယ့်နားကနေထွက်သွားတာတော့ မလုပ်ပါနဲ့"ဇန်ဒါလည်း တကယ်ကြီးလွမ်းနေခဲ့ရတာပင်။ ထို့ကြောင့် မျက်နှာမော့ကာ လိယန်ကို အရင်ဆုံးနမ်းလိုက်တော့သည်။ ငြင်သာပေမယ့် နောက်ဆုတ်သွားတဲ့နှုတ်ခမ်းကြောင့် လိယန်ရှေ့တိုးလိုက်ပေမယ့် ဇန်ဒါက လိယန်ကို တွန်းကာ
"အတန်းနောက်ကျတော့မယ် သွားပြီ"
လိယန်ကို ဆွပြီးမှ ထွက်သွားတဲ့ကောင်လေးလက်ကို လှမ်းဆွဲထားတော့သည်။
"ခင်များကို ကောက်နေတုန်းပဲ။ ခင်များက အဲဒါနဲ့ပဲ တန်တယ်"
ဇန်ဒါထွက်သွားပြီးမှ လိယန် သဘောတကျရယ်မိတော့သည်။
ရယ်ပြီးတော့မှ ရှေ့ခန်းမှာ အတွင်းရေးမှူးကို တွေ့လိုက်ရတော့သည်။

ВЫ ЧИТАЕТЕ
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Любовные романыဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။