Zawgyi •°•°•°
ပါမောက္ခပြောတဲ့ စကားတွေကို ပြန်တွေးရင်း
ဇန်ဒါ မတော်တဆ လူတစ်ဦးနှင့် တိုက်မိသွားတော့သည်။"အာ စိတ်မရှိပါနဲ့ တောင်းပန်..."
"ရှောင်ဇန် ! ဆောရီး ဇန်ဒါ"
"အာ ခင်များပဲ။ စိတ်မရှိပါနဲ့ ကျွန်တော် အတွေး
လွန်သွားလို့ပါ""ရပါတယ် ဒါနဲ့ ဘယ်ကိုလာတာလဲ"
"အာ အသိပါမောက္ခဆီလာတွေ့တာလေ။ ခင်များကရော"
"ကိုယ်က ဒီမှာ တက်နေတာလေ။ နောက်နှစ်ဆို ဘွဲ့
ရပြီ။ ကိုယ်နဲ့ ထမင်းလိုက်စားပါလား""မစားတော့ပါဘူးဗျ"
ကျင့်ယန်က တယောအိတ်ကို ကြည့်ကာ
"ဒါနဲ့ တယောတော်တော်တီးတတ်နေပြီလား"
ဇန်ဒါလည်း ခပ်ဖွဖွပြုံးကာ
"ဒီလိုပါပဲ"
"လာလေ ကားပါကင်သွားမှာမလား အတူတူသွားရအောင်။ ကိုယ်လည်းပြန်တော့မှာ"
ဒီလိုနှင့်ကားပါကင်အထိ အတူတူလျှောက်လာခဲ့ကြသည်။ ဇန်ဒါ့ကားနေရာတွင် အနည်းငယ်လူအုံနေသည်။
ဇန်ဒါလည်း လူတွေကို ဖယ်ရင်းကြည့်လိုက်တော့ ယာဉ်မောင်းဦးလေးနှင့် ကျောင်းသူတစ်ယောက် စကားပြောနေတာ တွေ့လိုက်ရသည်။ တဖက်ကျောင်းသူလေးက ကားပါကင်ထိုးလိုက်ရာ ဇန်ဒါ့ကားကို တိုက်မိတာပင်။ ယာဉ်မောင်းဦးလေးမှာ သန့်စင်ခန်းသွားရာက ဒီလိုဖြစ်သွားရလေသည်။ ပြန်လာတော့ ကောင်မလေးမှာ ကားကိုတိုက်ပြီးနေလေပြီ။ဇန်ဒါ့ဘေးကို ကျင့်ယန်က ရောက်လာပြီးနောက် တဖက်ကောင်မလေးက ကျင့်ယန်ကို မှတ်မိလေသည်။
"စီနီယာ ဒါဘယ်လိုလုပ်ရမလဲဟင်။ ကျွန်မလည်း အခုမှကားစမောင်းဖူးတာပါ"
ကျင့်ယန်က ကားတိုက်ထားတာကို ကြည့်ရင်း
"ဂျူနီယာညီမမှာ အာမခံရှိလား"
"ဟုတ် ရှိပါတယ်"
"ဒါဆို ဖုန်းခေါ်ပြီး ပြောပြလိုက်ပါ။ အာမခံက
ကြည့်လုပ်ပေးသွားပါလိမ့်မယ်"ဇန်ဒါလည်း ပိန်ချိုင့်နေတဲ့ ဘော်ဒီနဲ့ အခု
ကိစ္စကြောင့် အိမ်ကို ကားငှားပြီးသာပြန်ရတော့မယ့်ပုံပင်။ ကျင့်ယန်က ဇန်ဒါ့ကို ကြည့်ကာ

YOU ARE READING
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Romanceဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။