Zawgyi •°•°•°
သင်တန်းဖွင့်ဖို့ ပြင်ဆင်နေတာ အခုဆို တစ်ပတ်ရှိလေပြီ။ အဖိုးက လိယန်အတွက် အခန်းအပိုင်ဝယ်ပေးထားလေသည်။ ရပ်ကွက်က တိတ်ဆိတ်တဲ့နေရာမှာရှိကာ
၂ထပ်အိမ်လေးက တကယ်ပင် မဆိုးလှချေ။
အိမ်အောက်ထပ်ကိုတော့ သင်တန်းလေး လုပ်မလား
တွေးမိသည်။ ကလေးတွေ အကြိုက်ပုံစံကို အိမ်တွင်းအလှဆင်အဖွဲ့နှင့်တိုင်ပင်ကာ ပြင်ဆင်ဖို့ ဒီဇိုင်း
အပ်လိုက်လေသည်။ဖုန်းနံပါတ်ကို မြင်တာနှင့် ဇန်ဒါမကိုင်ပဲ ချပစ်လိုက်တော့သည်။
{ဘယ်မှာလဲ ဒီနေ့ တွေ့ကြမယ်လေ}
စာရောက်လာတာမြင်မှ တွေးမိတော့သည်။ ဘယ်တုန်းကမှန်းတော့ မသိပေမယ့် L ဆိုသူဆီက ဘာစာမှမရောက်လာတော့ပေ။ လိယန်ကိုတော့ စာမပြန်ပဲ အိမ်ကိုသာ
လှည့်ပတ်ကြည့်နေလိုက်သည်။ ပြင်ဆင်နေတဲ့အဖွဲ့တွေနဲ့ထားခဲ့ကာ အသုံးအဆောင်ပစ္စည်းအတွက် ရှာပုံတော် ထွက်ခဲ့တော့သည်။ ထိုစဉ် ကျစ်ယန်ဆက်လာတာမို့
ဇန်ဒါ ကိုင်လိုက်တော့သည်။"ဟဲလို ဇန်ဒါ ဘယ်မှာလဲ"
"ကျွန်တော် အိမ်အသုံးအဆောင် ပစ္စည်းတွေ
ကြည့်မလို့""တစ်ယောက်တည်းလား"
"အင်းလေ"
"ကိုယ်လာခဲ့မယ်လေ"
"ရပါတယ် မလာနဲ့တော့ ကျွန်တော့်ဘာသာ
အေးဆေးလျှောက်ကြည့်ချင်တယ်""ကောင်းပါပြီ။ အကူအညီလိုရင်ပြောနော်"
"ဟုတ်ကဲ့"
ဖုန်းချလိုက်ပြီးနောက် ဇန်ဒါလည်း အနီးနားက ကုန်တိုက်
ဆီထွက်ခဲ့တော့သည်။ အရင်ဆုံး ပရိဘောဂတွေဘက် သွားကြည့်ဖို့တွေးမိသည်။ ဒါကြောင့် ကုတင်တွေကို တွေ့တော့ လှဲအိပ်မိသည်။"ကိုယ်တို့ မင်္ဂလာဦးအိမ်အတွက် စောင့်တောင် မစောင့်နိုင်တော့ဘူးပေါ့"
အနားက ဝန်ထမ်းကောင်မလေးက တခိခိနှင့်ဖြစ်နေသည်။ ဇန်ဒါက ဘာမှမပြောပဲ ကုတင်ပေါ် ထိုင်ကြည့်သည်။ ဇန်ဒါ့ဘေးနားမှာ လိယန်ကလည်း ထိုင်လာသည်။
"သေးမယ်မထင်ဘူးလား။ ကိုယ်တို့ နှစ်ယောက်အတွက်..."
"ပါးစပ်ပိတ်ထား!"

VOUS LISEZ
ချစ်ခြင်းတေးသွား [ချစ်ခြင်းတေးသွား]
Roman d'amourဝတ္ထုထဲသို့ကူးပြောင်းလာပြီးနောက် သံစဥ်များနှင့် အတူ အချစ်ကိုစီးမြောလိုက်ပါခြင်း။