မိတ်ဆက်

8.1K 370 14
                                    

နိဒါန်း
......

အချစ်ဆိုတာကို မေ့ပျောက်ပစ်ထားသော အေးစက်စက် ဆရာဝန်လေးတစ်ဦးအတွက် ရုတ်တရက်ဆန်စွာ ချဥ်းနင်းဝင်ရောက်ခဲ့လာသော နှလုံးသားရိုတ်ခတ်မှုလေးတစ်ခု။

တိကျသေချာလှသော ကံကြမ္မာရေးခြစ်မှုမဟုတ်ခဲ့ပါသော်ငြား နှလုံးသားသည်
နွေဦး၏ လေညှင်းနွေးနွေးလေးနှယ် လှုပ်ရှား
လာပြီးသည့်အခါတွင် ...သေချာခြင်း၊ ဝေဝါးခြင်း၊ ကြောက်ရွံ့ခြင်း၊ ပိုင်ဆိုင်လိုခြင်း
စတဲ့...ကဋေကဋာသော အလိုဆန္ဒများကြား ဒေါက်တာတစ်ယောက် ရုန်းထွက်
နိုင်ပါ့မလား။ သို့မဟုတ် အဆိုပါချောက်နက်နက်ကြီးထဲ အလုံးစုံခုန်ချပစ်လိုက်မည်လား။

.......

ဘန်နီအမှာစာ

ရေးချင်သလိုပုံဖော်၊ တွေးသလိုချရေးလိုက်တဲ့ ခပ်ငြမ့်ငြိမ့် ဇာတ်လမ်းလေးရောက်လာပြန်ပြီပေါ့။ မုန်တိုင်းမပါဆို ဒီစာရေးသူကိုယ်တိုင်က ကတောက်ကဆတွေကိုကြိုက်မှမကြိုက်တာကို။ ဒီတော့ဗျာ ငြိမ့်ငြိမ့်လေးနဲ့လိုက်ပါကြတာပေါ့။

စာဖတ်သူများသိရှိရန်... ။

ပထမဦးစွာ မေတ္တာရပ်ခံချင်တာလေးတစ်ခုရှိပါတယ်။ ဘန်နီ chinese Translation တစ်ပုဒ်ဖတ်ခဲ့ဖူးပါတယ်။(PUPG gameကိုအမှီပြုပြီးရေးသားထားတာပါ။ ဇာတ်လမ်းအမည်ကိုတော့သေသေချာချာမမှတ်မိတော့ပါဘူး။PUPGတော့ပါပါတယ်) အရမ်းသဘောကျလွန်းလို့၅ခေါက်ထက်မနည်းဖတ်ခဲ့ဖူးပါတယ်။ အဓိကအားဖြင့်ထိုဇာတ်လမ်းထဲကSeme၏စကားပြောဟန်၊ ukeအပေါ်ဂရုစိုက်ဟန်ကလေးများကိုအရမ်းသဘောကျမိသည့်အတွက် ဘန်နီရဲ့ ယခု အဆိုတော်လေး(seme )၏ စကားပြောဟန်ကလေးများကိုလည်း ထိုCharacterကဲ့သို့ မှီငြမ်းအသုံးပြုထားပါကြောင့်အသိပေးချင်တာပါရှင့်။

ကျန်ရှိပါသော AမှZ..ကမှအ စတဲ့စတဲ့ စာသား၊စာကြောင်း၊ဖြစ်ရပ်တွေတူညီခဲ့ရင်ကျွန်မလိုအပ်ချက်သာဖြစ်ကြောင်းနှင့်
တူညီပါရန်မရည်ရွယ်ကြောင်း။


ချစ်သောဒေါက်တာ(completed) Where stories live. Discover now