အပိုင်း ( ၅ )

2.4K 257 12
                                    

Taehyungဆီသွားမလား ကိုယ်နဲ့နမ်းမလား

..................................................................................

''ဘယ်လိုဖြစ်တာလဲ သူနာပြုSoo''

''ဆေးရုံအုပ် အခန်းကို သွားလိုက်ပါDoctor''

တာဝန်ယာယီရပ်ဆိုင်းခြင်းတဲ့လေ။ ဘဝမှာ တစ်ခါမှ အမှားဆိုတာမရှိခဲ့ဖူးဘူး။ အခုလည်း လူနာတစ်ယောက်ကို မှားယွင်းပြီး ခွဲစိတ်တာမဟုတ်ဘဲ အဲ့ဒီလူနာရဲ့ဝိဥာဥ်က ခန္ဓာထဲ ပြန်မဝင်ရသေးတာလေ။ ဒါကို ထုတ်ပြောလို့လည်း အရူးဆိုပြီးသတ်မှတ်ကြဦးမှာဘဲ။ ဘေးကျပ်နံကျပ်ပြဿနာတွေဆိုတာဒါမျိုးကိုပြောတာထင်တယ်။

ဒေါက်တာ၏ ခြေလှမ်းများသည် မြန်ဆန်နေသည်။ ချက်ချင်းဆိုသလို ဆေးရုံအုပ်အခန်းရှေ့ ရောက်လာခဲ့ကာ တံခါးကို ခေါက်၍ အချက်ပြတော့ ''ဝင်လာပါ'' ဟူ၍အသံပြုသည်။

''ဂရုစိုက်နော် ဒေါက်တာ''

''အင်း''

ဘာရယ်မှန်းမသိ ။ဒီဒေါက်တာလေးကို
နည်းနည်းလေးတောင် မခွဲချင်​​ဖြစ်မိရသည် ။ သူ့၏ ​မမြင်ကွယ်ရာမှာ တစ်ခုခုဖြစ်သွားမှာကို စိတ်မချဖြစ်နေမိသည်။

''ကိုယ် လိုက်ခဲ့မယ်''

''မလိုက်နဲ့...Jungkook..ငါ့အခန်းထဲမှာဘဲ စောင့်နေလိုက်ပါလား ''

''ကောင်းပြီ ကိုယ်စောင့်နေမယ်''

​ဖြတ်ခနဲပျောက်သွားသည် ဝိဥာဥ်ကောင်သည် အကဲပိုကိုပို​လွန်းသည်။ ဆေးရုံအုပ်နဲ့ တွေ့ရမှာကိုဘဲ စိတ်မချနိုင်ဖြစ်နေတက်​​သေးသည်။ မိမိက ကလေးလား။ ပြီးတော့ဆေးရုံအုပ်က သူ့ကိုဘာလုပ်မှာကျလို့။ကားပေါ်မှာတုန်းက ပြောသော ရင်ခုန်နေတယ် ဟူသော စကားကိုကြားကာ ဒေါက်တာ ကြက်သီးများ ထောင်းခနဲ ထောင်တက်သွားသည်။

ဘယ်လိုလူစားမှန်းကို မသိဘူး။ကြည့်လို့မရလိုက်တာ။

အခန်းထဲသို့ ဝင်လိုက်သည့်အခါ ဆိုဖာပေါ်တွင် ထိုင်နေသော ဆေးရုံအုပ်က လှမ်းကြည့်လာသည်။ဒေါက်တာသည် ခေါင်းငုပ်ကာ အရိုအသေပြုလိုက်ရင်း ဆေးရုံအုပ်၏ မျက်နှာချင်းဆိုင်တွင်ထိုင်ကာ ဒေါက်တာ့ကို ကျောပေးထားသော လူစိမ်းတစ်ဦးကို အကဲခတ်မိသည်။

ချစ်သောဒေါက်တာ(completed) Where stories live. Discover now