ထူးဆန်းသောတွေ့ဆုံမှု
................................................................................စိတ်ကူးအိပ်မက်တွေကို အသက်သွင်းမယ်။ ပိုပြီးအားစိုက်ထုတ်ကြမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်အပြည့် မွေးမြူမယ်။
အခန်းငယ်ရဲ့ ထောင့်တစ်နေရာမှာ မျက်ရည်တွေ အဖတ်ဆည် မရအောင် ကျနေခဲ့ရင်တောင် မင်းတို့ရှေ့မှာတော့ မင်းတို့
အသိမှတ်ပြုထားတဲ့ တစ်မူထူးခြားတဲ့
လူတစ်ဦးဘဲ။ စိတ်ဓာတ်တွေ တစ်ဗြုန်းဗြုန်းနဲ့ ဟိုအောက်ဆုံးတစ်နေရာအထိ ထိုးဆင်းကျနေရင်တောင် မင်းတို့ရှေ့မှာတော့ နောက်ထပ် မျက်နှာဖုံးတစ်ခုနဲ့ အေးစက်စက်လူသားပေါ့။ကံကြမ္မာကို ငါတို့မျှော်လင့်ထားသလို၊ လိုချင်သလို ဖန်တီးယူလို့ရတယ်။ မင်းတို့ရဲ့ ကံကြမ္မာက မင်းတို့ရဲ့ဘဝဘဲ။ တစ်ခြားသူတွေရဲ့ စိတ်ကူးအိပ်မက်တွေ၊ ကောင်းစားနေခြင်းတွေ၊ ပျော်ရွှင်နေခြင်းတွေကို အားကျ
မနေနဲ့။ ကံကြမ္မာကြီးက မာကြောလွန်းတဲ့ကျောက်တုံးကြီးဆိုရင်တောင် အဲ့ဒီ
ကျောက်တုံးမျက်နှာပြင်ပေါ်မှာ မင်းတို့
ဖြစ်စေချင်တာတွေ အကုန်လုံးကို ရေးထွင်းနိုင်ရမယ်။ဒါဟာ ဒေါက်တာPark Jiminရဲ့လက်သုံးစကားဘဲ။
ကမ္ဘာမြေသို့ ဆောင်းဦးရာသီသည် ထပ်မံ၍
ဝင်ရောက်နားခိုပြန်ပြီ။ ကောင်းကင်တစ်ခွင်လုံးသည် ဆောင်းဦးမိုးကြောင့် အုံ့မှိုင်းနေသည်မှာ ရက်အတန်ကြာပြီဖြစ်သည်။ Cosmos ပန်းတွေတောင် မပွင့်လန်းနိုင်တော့ဘဲ သူ့ရဲ့ရွက်ဖတ်လေးတွေကတောင် နှင်းမိုးစက်တွေကြောင့် ပဲ့ကြွေပျက်စီးသွားကြရှာပြီ။ဒီလိုအချိန်မှာ လူတိုင်းရဲ့ သတိရမိရာက အိမ်၏ ဧည့်ခန်းအလယ်မှာ ရှိနေမယ့် မီးလင်းဖိုလေး။ ပြီးတော့ အနွေးဓာတ်တွေကို မျှဝေပေးမယ့် ဂွမ်းစောင်ထူထူကလေး။
လူတိုင်းသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ရပ်ကြည့် လုပ်နေကြကာ ၎င်းတို့၏ ခြေလှမ်းများကို ပိုမိုအရှိန်မြင့်တင်လိုက်ကြသည်။ သေချာပေါက် ထိုခြေလှမ်းများသည်
ဦးတည်ရာတစ်ခုတည်းသာ။''ဟ့...ဆောင်းအစကတည်းကတောင် မိုးကရွာနေပြီ!!''
ထီးအမဲ၏ ရိုးတံတစ်လျှောက်မှ စီးကျလာသော နှင်းမိုးစက်များကို ကြည့်ကာ အကြင်သူသည် စိတ်ပျက်ဖွယ် ညဉ်းတွားလိုက်မိသည်။ သူသည် အအေးဓာတ် အခြေအနေကို သိချင်သည့်အတွက် လက်ကို ဆန့်ထုတ်လိုက်သည့် တစ်ခဏ၌တွင် သူ၏လက်ဖဝါးများသည် သေလောက်သော အေးစက်မှုအား ခံစားလိုက်ရသည်။ သူ၏ ဗလာဖြစ်နေပြီး အဓိပ္ပါယ်ကင်းမဲ့နေသော မ်က္လုံးမ်ားကို မှေးဆင်းလိုက်ပြီး မှိုင်းရီရီဖြစ်နေသော ပတ်ဝန်းကျင်နှင့် ပျားပန်းခတ်မျှ သွားလာနေကြသော လူတစ်စုထဲမှ တစ်စုံတစ်ခုကို ရှာဖွေမိလိုက်သည်။
KAMU SEDANG MEMBACA
ချစ်သောဒေါက်တာ(completed)