ခင်ဗျားအတွက် ကျုပ်ပေးတဲ့လက်ဆောင်
..................................................................................
''ဂယောင်ယန်ဆားကျင်း ဟုတ်လား??''
ဘေးတစ်ဖတ်တစ်ချက်တွင် မိန်းမပျိုနှစ်ဦးသည် လီချယ်ယောင်း၏ အကျီဟပြဲ ဖြစ်နေသော ရင်ဘက်ကို ကလူကျီစယ်နေသည်။ သူ(မ)တို့၏ အနီရဲရဲဆိုးထားသော လက်များသည် ခန္ဓာကိုယ်အနှံ့ ပွတ်တိုက်ပြေးလွှားနေသည်။ လက်၌ ဝိုင်ခွက်တစ်ခွက်အားကိုင်ကာ ဇိမ်ခံနေသော သူသည် ထိုအကြောင်းကိုကြားသောအခါ ဒေါသသည် ရိပ်ခနဲ ထွက်လာသည်။
''ဒေါက်တာ Park Jiminက ဘာလို့အဲ့ဒီကို သွားတာလဲ''
''ကျွန်တော်တို့လူတွေရဲ့သတင်းအရတော့
ဂယောင်ယန်မှာ သူ့ရဲ့အစ်ကိုကို သွားတွေ့တာတဲ့..''''အစ်ကို..??..Park Jimin ကမိဘမဲ့..ဘယ်ကအစ်ကိုက ပေါ်လာတာလဲ..??''
''အဲ့တာကတော့..ကျွန်တော်တို့လည်း..သေချာမသိ..မသိသေးပါဘူး''
''f**k..စောင့်သုံးကိုမကျဘူး...''
''ကျွန်တော်တို့ သေချာစုံစမ်းလိုက်.....''
''မလိုဘူး..သူ့နောက်ကိုလိုက်ပြီး..တစ်ခါတည်းရှင်းလိုက်တော့..''
''ဟုတ်ကဲ့Boss''
ထိုလူထွက်သွားပြီးသည့်နောက်
လီချယ်ယောင်းသည် Jameရှိရာသို့ လှည့်လာသည်။ Jameသည် အရက်တစ်ခွက်ကို လှုပ်လီလှုပ်ရက်သောက်နေသည်။ ဘေးမှ
မိန်းကလေးများသည် Jameအား မထိကိုင်ရဲကြ။ မျက်လုံးများသည် စူးရှတောက်ပနေကာ အချိန်မရွေး သွေးထွက်သံယို ဖြစ်သွားနိုင်သည့်အတွက်ဖြစ်သည်။''Jame..သတင်းကောင်းက ကြာလှချေလား''
''နှစ်ပတ်စောင့်..ဒါပြီးရင်..ခင်ဗျားမျှော်နေတဲ့ သတင်းရောက်လာလိမ့်မယ်''
''ဘယ်လိုမျိုးလဲ..''
''ကုတင်ပေါ်မှာ လဲနေတဲ့ အဆိုတော် Jungkook တစ်ယောက် ရုတ်တရက် အသက်ရှုရပ်ပြီး သေသွားတယ်ပေါ့..''
လီချယ်ယောင်းသည် ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ လက်မှ ဝိုင်အား အနည်းငယ်မော့သောက်ကာ ဘေးရှိ မိန်းကလေးတစ်ဦး၏ နှုတ်ခမ်းအား အားရပါးရနမ်းချလိုက်သည်။
လက်တစ်ဖတ်သည် သူ(မ)၏ ရင်သားပေါ်၌ ပြေးလွှားဆော့ကစားနေသည်။
CZYTASZ
ချစ်သောဒေါက်တာ(completed)