အပိုင်း (၂၀)

1.7K 180 8
                                    

ဒေါက်တာက တော်တော်လေးကို မိုက်မဲတဲ့လူဘဲ

..................................................................................

အရေးပေါ် လူနာခုတင်ပေါ်တွင် Jungkookသည် အသက်အား ခက်ခဲစွာ ရှူနေရရှာသည်။ မျက်နှာ၊ နှုတ်ခမ်းနှင့် လက်သည်းခြေသည်းတို့မှာ ပြာနှမ်းလျက်ရှိပြီး သူနာပြုSoo ပြောခဲ့သလိုပင် မျက်စိအစုံမှာလည်း ဖောင်းကားလျက်ရှိသည်။ မျက်စိသူငယ်အိမ်သည်
ကျဥ်းမြောင်းလွန်းနေပြီး ဓာတ်မီးရောင် ထိုးလိုက်သောအခါ လှုပ်ခတ်ခတ်လေး တုံ့ပြန်လာ​သေးသည့်အတွက် Jimin အနည်းငယ် အားတက်လာရသည်။

စိတ်အား အတည်ငြိမ်ဆုံးထားကာ Jungkookအား ဤအ​ခြေအ​နေကို ကျော်ဖြတ်နိုင်ရန် သူကူညီပေးရမည်။ ပိုးသတ်ဆေးအရည်များသည် ခန္ဓာကိုယ်၏ သုံးပုံတစ်ပုံမျှသို့ ပျံ့နှံ့နေပြီဖြစ်သည်။ ဤမျှလောက်နှင့် အဆိပ်အား လျင်လျင်မြန်မြန် သိသွားသည့်အတွက် အဆိပ်အာနိသင်သည် ခန္ဓာကိုယ်အား မဝါးမြိုနေသေးပေ။ အဆိပ်ဒဏ်
ကြောင့် အဆုတ်နှင့် ဦးနှောက်မြှေး ရောင်ကိုင်းလျက်ရှိသည်။

မျှော်လင့်ချက် ရောင်ခြည်သည် အရှေ့ဘက် မိုးကုတ်စက်ဝန်းမှ ထွန်းလင်စွာ ထွက်ပြူလာခဲ့သည်။ Jiminသည် အချိန်ဆွဲမနေတော့ဘဲ အဆိပ်ဖြေဆေးအဖြစ် အေထရိုပင်ထိုးပေးရန် ပြင်ဆင်လိုက်သည်။ အေထရိုပင်၏ အာနိသင်မြန်မြန် ရရှိကာ ခန္ဓာကိုယ်အတွင်း၌ ပျံ့နှံ့နေသော အဆိပ်များကို တားဆီးနိုင်စေရန် Jungkook၏ အကြောထဲသို့ အေထရိုပင်အား မကြာခဏ ထိုးသွင်းပေးရမည်။

သို့သော် လက်​ကြောများသည် အဆိပ်သင့်၍ သွေးလန့်နေမှုကြောင့် သွေးပြန်ကြောများ ကျုံ့ကုန်ကြပေသည်။ သွေးပြန်ကြောများသည် မြင်ပင်မမြင်ရတော့ဘဲ လက်ဖြင့် ထိကိုင်ရှာကြည့်၍ပင် မရတော့။

Jiminသည် လျင်လျင်မြန်မြန်ပင် Jungkook၏ ခန္ဓာကိုယ်အား စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။ အရောင်တောက်နေသော မျက်ဝန်းများသည် မျက်စိရှေ့ရှိ လူနာအား ကယ်တင်နိုင်ရန်သာ အာရုံစိုက်ထားသော ဆရာဝန်တစ်ဦး၏ ပုံစံဖြစ်သည်။ နှုတ်ခမ်းအား တင်းတင်းစေ့ထားကာ အဆင့်တစ်ခုချင်းဆီ၊ ဖြေရှင်းကုသနည်း တစ်ခုချင်းဆီတိုင်းကို
စဥ်းစားကာ အ​​ဖြေ​ရှာနေသည်။

ချစ်သောဒေါက်တာ(completed) Waar verhalen tot leven komen. Ontdek het nu