Jiminက straightဖြစ်နေရင်ကော
..................................................................................''လခွမ်း!!..လန့်လိုက်တာ..''
Stylistများပြင်ဆင်ပေးနေသည်ကို မျက်စိ
မှိုတ် ငြိမ်ခံနေရာမှ လျှပ်တစ်ပြတ်ဆိုသလို ကြည့်မှန်မှတစ်ဆင့် Jungkookကို လှမ်းမြင်လိုက်ရသည်။အဖြူရောင်တီရှပ်အား အနီရဲရဲ စွယ်တာလေးနှင့်တွဲဖတ်ထားသည်။ အမဲရောင် ဆံစများသည် ပွပွယွယွလေး ဖြစ်နေကာ လူငယ်ဆန်မှုကို မီးမောင်းထိုးပြနေသည်။အမြဲတမ်းကြည့်ကောင်းနေလွန်းသော
ဝိဥာဥ်။''အားလုံးထွက်သွားကြ''
stylistများအလျှိုလျှို ထွက်သွားပြီးသည့်နောက် Taehyungသည် Jungkookအား စတင်မေတ္တာပို့တော့သည်။
''ငါလူးထဲမှ..!!''
''လန့်သွားတာဘဲ..နောက်ဆို အဲ့လိုဖြတ်ခနဲ
ဖြတ်ခနဲ ပေါ်မလာနဲ့''မှန်ထဲမှ လှမ်းကြည့်ကာ ကျိန်ဆဲလိုက်တော့
တကောင့်သားသည် အသံသဲ့သဲ့လေး ရီရှာသည်။ ကွေးတက်သွားသော နှုတ်ခမ်းသည် အသက်မပါနေမှန်း Taehyung သတိထားမိသည်။''မင်းပြောတော့ ဂယောင်ယန် ဆားကျင်း ဆီသွားမယ်ဆို''
''သွားမလို့ပါဘဲ''
''Jiminရော..??''
''မသိဘူး...''
''ဟမ်...မင်းတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား''
Jiminသည် ဟိုတစ်နေ့ ခေါက်ဆွဲဆိုင် ကိစ္စ
ပြီးကတည်းက Jungkookအား သိသိသာသာကို ရှောင်နေခဲ့သည်။Jungkook သူ့ရှေ့ရပ်သည်နှင့်မျက်နှာနီရဲလာကာ ရှက်ရွံလာပြီး
ဟိုရှောင်ဒီရှောင်နှင့်Jungkookအား မျက်လုံးချင်း အဆုံမခံခဲ့ပါ။''မှန်းစမ်း..ဟိုတစ်နေ့ငါ့ဆီကပြန်သွားပြီးကတည်းကဆို သုံးရက်တောင်ရှိပြီမလား''
''ဘာကို...ရန်ဖြစ်ရမှာလဲ''
Jungkookက ပြုံးရယ်စွာဆိုသည်။
VOCÊ ESTÁ LENDO
ချစ်သောဒေါက်တာ(completed)