အပိုင်း (၂၇ )

1.9K 179 19
                                    

ကျောပြင်ဘဲမြင်ရတဲ့ကောင်လေး

..................................................................................

ဒေါက်တာPark Jiminသည် ငယ်ငယ်က
အိမ်တွင်းနှိပ်စက်ခံခဲ့ရသော ကလေးတစ်ဦးဖြစ်ခဲ့ပါတယ်။ ကြမ်းပြင်ပေါ် ရေတစ်စက်ကျနေရင်၊ ကြမ်းပြင်က ပြောင်လဲ့လွန်းနေရင်၊ စာရွက်လှန်လှောသံတွေ ကျယ်လောင်ရင်၊ မိုးရွာနေချိန် အဝတ်မရုတ်မိခဲ့ရင်...စတဲ့အကြောင်းပြချက်တွေဟာ Jiminအား အရိုးထိဆိမ့်နေအောင် အရိုတ်ခံရတော့မည့် နိဒါန်းများဖြစ်ခဲ့သည်။

ဒါဆိုရင်...ဒီလိုကောင်လေးတစ်ယောက်က ဘာလို့ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့တာလဲ...??။

Jiminသည် သူ၏ ရည်မှန်းချက်ကို သူသိခဲ့သည်။ ထိုရည်မှန်းချက်ကို ဆုပ်ကိုင်ရင်း သူလည်း အချိန်နှင့် နင်လားငါလားပြေးလွှားခဲ့သည်။

အမှောင်ဖုံးနေတဲ့ ဒီဘဝကနေ လွှတ်မြောက်မှ
ဖြစ်မည်။ ထပ်ပြီး တဆိမ့်ဆိမ့်နှင့် နာကျင်နေရမည့် ဝေဒနာတွေကနေ ရုန်းထွက်မှဖြစ်မည်။ Jiminသည် ဆိုးရွားတဲ့ အတိတ်တွေကနေ လွတ်မြောက်ရမည်ဟူသည့် ရည်မှန်းချက်တစ်ခုတည်းသာရှိခဲ့ပါသည်။

ဆယ်ကျော်သက်ဘဝတွင် ကျောင်းသားJiminသည် အကောင်းဆုံး ဘဝကိုဖြတ်သန်းခဲ့ပါသည်။
ဒေါက်တာJiminဖြစ်လာတဲ့အခါ နှလုံးသား၏ အချစ်ရေးများသည် ထိုအချိန်စက်ဝန်းနှင့်အပြိုင်ပြေးလွှားလာခဲ့ပြန်သည်။ Jiminသည် အချစ်မခံခဲ့ဖူးပါ။ နှလုံးသား၏ ရင်ခုန်ခြင်းအားလည်း နားမလည်ခဲ့ပါ။

Jungkookကြောင့်သာ သူရင်ခုန်တက်လာသည်။ အချစ်ဆိုသည့် စိတ္တဇလေးအား ဋီကာဖွဲ့နွှဲ့ကာ ပြောတက်လာသည်။ ချစ်တက်သော လူတွေ၏ ကိုးကွယ်ရာသည် အချစ်ဟုဆိုခဲ့လျှင် ဒေါက်တာသည် ထိုနိယာမကို ပြောင်းပြန်လှန်ကာ
''ဒေါက်တာPark Jimin၏ ကိုးကွယ်ရာသည် Jeon Jungkook''ဟူ၍ ဖွင့်ဆိုပေလိမ့်မည်။

နှလုံးသားသည် ပျိုမျစ်နုနယ်လွန်းကာ အချစ်ကဘာလဲဆိုတာထက်..Jeon Jungkookက သူ့ရဲ့အချစ်လားဟူ၍ ရှာဖွေခဲ့သည်။ ဒေါက်တာသည် အချစ်ကို
နားမလည်ခဲ့ပါ။ Jeon Jungkookကိုသာ နားလည်ရန်ကြိုးစားခဲ့သည်။ နှုတ်ခမ်းပါးလေးတွေက ပြုံးလာရင် ဘာကြောင့်ပြုံးတာလဲဟု အဓိပ္ပါယ်ဖွင့်မိသည်။ မျက်လုံးကလေးများသည် အရောင်လဲ့နေရင် သူ့မှာအရိပ်
တကြည့်ကြည့်နှင့် အကဲခတ်နေမိသည်။

ချစ်သောဒေါက်တာ(completed) Where stories live. Discover now