အပိုင်း ( ၇ )

2.2K 246 8
                                    

ခေါက်ဆွဲစားကြမလား
..................................................................................

ထူးဆန်းစွာပင် ဒေါက်တာ၏ နာမည်ပြောလိုက်သည်နှင့် အစောင့်တစ်ယောက်သည် Kim Taehyungရှိသော အခန်းသို့ လိုက်ပို့ပေးသည်။

''ဒေါက်တာPark Jimin....ထိုင်ပါဦး''

Taehyumgသည်လက်ဆန့်ထုတ်ကာ ထိုင်ခုံအား ညွှန်ပြသည်။ ဒေါက်တာသည် အခန်းအား အကဲခတ်နေရင်း ထိုင်ချလိုက်သည်။

''ဘာသောက်မလဲ...ကော်ဖီ??''

''အာ..ရပါတယ် ဟို အဆိုတော်Kim Taehyung အဆင်ပြေတာ လုပ်ပေးလို့ရပါတယ်''

''ဟားဟား..Taehyungလိုဘဲခေါ်ပါ''

''ဟုတ်..ဟုတ်ကဲ့..''

Taehyungသည် ထိုင်ခုံဘေးရှိ ခုံပုပေါ်တွင် တင်ထားသော ဖုန်းရှိ ခလုတ်တစ်ချို့ကို နှိပ်ကာ ကော်ဖီလှမ်းမှာပေးသည်။ ထို့နောက်
ဒေါက်တာ့အား ဖော်ရွေစွာသော အပြုံးလေးနှင့် လှမ်းကြည့်နေသည်။

''လွတ်လွတ်လပ်လပ်နေပါ။ ကျွန်တော်က Jungkookကို ခွဲစိတ်ပေးခဲ့တဲ့ ဒေါက်တာ့ကိုတွေ့ချင်နေတာ''

''အာ...ဟုတ်...ကျွန်တော်ရော''

''အပြင်မှာ ဒေါက်တာက ပိုချောတာဘဲ''

''ဗျာ..!!''

''အော်.. မီဒီယာပေါ်မှ Jungkookကို အသက်ကယ်ပေးခဲ့တဲ့ ဆရာဝန်ဆိုပြီး ပုံတွေတက်လာသေးတယ်လေ။ အဲ့ပုံတွေထက် အပြင်မှာက ပိုပြီး ကြည့်ကောင်းတယ်လို့ပြောတာပါ''

''ကျေး..ကျေးဇူးပါ''

''ရပါတယ်..ဒါနဲ့ ကျွန်တော့်ဆီလာရတဲ့ကိစ္စက..''

''အဲ့ဒါကလေ..ဟို..ဟိုလေ''

ဘောင်းဘီနှစ်ဖတ်အား ဆုပ်ကိုင်ထားသော လက်နှစ်ဖတ်တွင် ချွေးစများဖြင့် စေးကပ်လာသည်။ Taehyungအား စေ့စေ့စိုက်ကြည့်နေရင်း လက်ချောင်းများ တုန်ခိုက်လာသည်။ရင်ဘက်သည် နိမ့်ချည်မြင့်ချည်နှင့် တစ်ကိုယ်လုံးတုန်ရီနေသည်။ အကူအညီရလိုရငြား ဘေးဘီအား လှမ်းကြည့်တော့ ဝိဥာဥ်ကောင်၏ အရိပ်အယောင်ကိုပင်မတွေ့။

Taehyungသည် တံခါးအားမှီကာ ရပ်နေသော Jungkookအား မျက်စပစ်လိုက်သည်။ Jungkookက ပြုံးရုံးသာ ပြုံးပြလိုက်သည်။

ချစ်သောဒေါက်တာ(completed) Where stories live. Discover now