အပိုင်း (၂၆ )

1.9K 184 12
                                    

ကိုယ်ကဆိုးသွမ်းစေချင်ခဲ့တာကို

..................................................................................

Jungkookသည် ကားပေါ်သို့ ရောက်ရောက်ချင်း mask အားဆွဲချွတ်လိုက်ကာ အောက်သို့ လွှတ်ပစ်လိုက်သည်။ မကျေမချမ်း မျက်နှာထားနှင့် ထိုင်နေတုန်း တစ်ဖတ်ကားတံခါးဘေး၌ လာရပ်နေသော ဒေါက်တာကြောင့် Jungkook အော်သာရယ်လိုက်ချင်တော့သည်။

Jungkookသည် ကားမှန်အားချလိုက်ကာ အသံမာမာနှင့် ပြောလိုက်သည်။

''ကားပေါ်မတက်သေးဘဲ..ဘာလုပ်နေတာလဲ..''

''ဟို..ဟို...''

အမှန်တော့ Jiminသည် ကားပေါ်သို့ ဖိတ်ခေါ်ခံရမည်ဟု ထင်မထားမိခဲ့ပါ။ Jimin ကားဘေး၌ လာ၍ရပ်နေရခြင်းမှာ စော​စောက ကိစ္စအား တောင်းပန်ရန်နှင့် ကျေးဇူးတင်ရန် ပြောချင်၍ ဖြစ်သော်ငြား မည်သို့စကားစ
ရမှန်း သိမနေ၍ ဤသို့မက်တပ်ရပ်နေရခြင်းဖြစ်သည်။

''ကိုယ့်ရဲ့တိုက်ခန်းကို သွားမှာမလား..တက်ခဲ့...''

''ရပါတယ်..ကျွန်တော် ဒီအတိုင်းTaxiနဲ့ဘဲ လိုက်ခဲ့မယ်...''

''ဒေါက်တာPark Jimin..ခေါင်းမာမနေဘဲ.. ကားပေါ်တက်ခဲ့ပါ...''

''ရပါတယ်..Taxiနဲ့ဘဲ..''

''မင်းအခု..ကိုယ့်ရဲ့ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးသွားအောင်များ လုပ်ဖို့ ကြံစည်နေတာလား..??''

Jiminသည် တုပ်တုပ်ပင် လှုပ်မနေဘဲ နားရွက်ကလေးများမှာ အအေးလှိုင်းကြောင့် နီရဲရဲလေးဖြစ်နေသည်။

Jimin၏ ထိုကဲ့သို့သော အမူအရာသည် လွန်စွာ
အင်မတိအင်မတန် ချစ်ဖို့ကောင်းနေသည့်အတွက် Jungkookသည်
မထိန်းသိမ်းနိုင်လွန်းစွာ စုတ်တစ်ချက်သပ်လိုက်မိသည်။ ထို့နောက် မျက်ခုံးအားပင့်မြောက်ကာ သဘာဝအကျဆုံးသော လေသံနှင့် ပြောလာခဲ့သည်။

''မဟုတ်မှလွဲ..ကိုယ်က ကားပေါ်ကဆင်းပြီး
မင်းရဲ့ခန္ဓာကိုယ်လေးကို ပွေ့ချီ..ပြီးတော့
ကားပေါ်ကို ငြင်ငြင်သာသာလေးချပေးပြီး...မင်းရဲ့နှုတ်ခမ်းလေးကို မက်မက်
မောမောနမ်းတာကို လိုချင်နေတာလား....''

Jimin ၏ မျက်နှာလေးသည် တမဟုန်ချင်းပင် ပေါက်ကွဲထွက်လုနီးပါး နီရဲတက်လာသည်။

ချစ်သောဒေါက်တာ(completed) Where stories live. Discover now