အပိုင်း ( ၁၀ )

2.1K 227 9
                                    

ကိုယ်အလိုလိုက်တာများ နည်းနည်းများသွားလို့လား??

.................................................................................

ခွမ်း....။

အစိမ်းရင့်ရင့် နံရံအား မိတ်ဆက်ခံလိုက်ရသော ဝိုင်ခွက်သည် ကြမ်းပြင်ပေါ်တွင် မျက်နှာငယ်စွာပင် ကွဲအက်ကြေမွနေသည်။ လီချယ်ယောင်း၏ မျက်နှာသည် လွန်စွာတင်းမာ ခက်ထန်နေပြီး
ဓားမြှောင်တစ်ချောင်း၏ ဓားသွားအား လက်ညိုးနှင့် ပွတ်သပ်ကစားနေသည်။ စူးရှနေသော မျက်လုံးများသည် အလိုမကျမှုများ စီးဝင်နေပြီး သူသည် ခက်ခက်ထန်ထန် စကားများအား စီရီနေသည့်ပုံ။

''Jame...မင်းကငါအတွက် အယုံကြည်ရဆုံးလူဆိုတာ မသိတာလား...??''

''တောင်းပန်ပါတယ်..boss''

''ဆေးမှုန့်ကJungkook သွေးကြောထဲမရောက်သေးဘူး..ငါက နောက်နေ့ဆို Jungkookနာ​ရေးသတင်းကြားရဖို့ မျှော်လင့်ခဲ့တာ..မင်း..ဒီတစ်ခါတော့ ငါ့ကိုစိတ်ပျက်စေတယ်..''

''ကျွန်တော်..တောင်းပန်ပါတယ်...''

လီချယ်ယောင်းသည် ထိုင်ခုံမှ ထကာ Jameဆီသို့ လျှောက်လာခဲ့သည်။ ဓားမြှောင်အား လက်ထဲတွင် အပေါ်အောက်တစ်လှည့်စီ လှည့်လည်ကစားနေသည်။ အနီရောင် မျက်ထောင့်နီကြီးများသည် အခန့်မသင့်လျှင် ထိုဓားမြှောင်သည် မိမိဝမ်းဗိုက်နှင့် မိတ်ဆက်ပေးနိုင်သည်။

လီချယ်ယောင်းသည် ခန္ဓာကိုယ်အား အနည်းငယ် ကုန်းလိုက်ပြီး ဓားမြှောင်၏ ထိပ်ဖျားကို မေးစေ့၌ တေ့လိုက်ကာ Jame၏ ငုံ့ထားသောခေါင်းကို ပင့်တင်လိုက်သည်။ ယောကျာ်းဆန်လှသော မေးရိုးထင်းထင်းများသည် အဝါရောင် မီးရောင်များအောက် ကြည့်ကောင်းလွန်းစွာ ထွက်ပေါ်လာသည်။

Jameသည် ချောမောကြည့်ကောင်းလွန်းသော ယောကျာ်းတစ်ယောက်ဖြစ်သည်။

''Soo Jiyeong..''

မိမိနာမည်အရင်းအား ခေါ်ဖူးသော သူသည် Bossတစ်ဦးတည်းသာရှိသည်။ မဟုတ်သေးဘူး။ ဟိုချာတိတ်လေးလည်းရှိသည်။ သို့သော် ခေါ်ဆိုခြင်း၏ အတိတ်နိမိတ်ကတော့ မတူပေ။ Boss၏
''Soo Jiyeong''ဟူသော ခေါ်သံ၏ နောက်ကွယ်တွင် အတိတ်ဘဝကို ပြန်လည်သတိရလာစေသည်။

ချစ်သောဒေါက်တာ(completed) Where stories live. Discover now