အပိုင်း ( ၂၄ )

68 10 2
                                    

သဝန်တိုခြင်းအနုပညာ

..................................................................................

''ငါလုပ်နိုင်တယ်...လုပ်နိုင်တယ်..ဖိုက်တင် ParkJimin..မျက်နှာပျက်မသွားစေနဲ့...Jungkookအတွက် အချိန်လိုသေးတယ်..''

ယနေ့သည် Jungkookနိုးထလာသည့် တစ်ပတ်မြောက်နေ့ဖြစ်သည်။ Jiminသည် တစ်ပတ်လုံးလုံး Jungkookအား မျက်နှာချင်းမဆိုင်နိုင်ခဲ့ပါ။ Jimin၏ စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်ခဲ့သော်လည်း Jungkook၏ သူ့အပေါ်မေ့ပျောက်သွားခြင်းအား ခံနိုင်ရည်ရှိမနေသေးပါ။

ထို့ကြောင့် တစ်ပတ်မျှ အချိန်ယူကာ အခန်းအောင်းနေခဲ့ပြီး ယနေ့သည် Jimin ဆေးရုံသို့ ပြန်လာသော ပထမမြောက်နေ့ဖြစ်သည်။ ပထမဆုံးနေ့မှာတင် မကြာမီ ဆေးရုံဆင်းတော့မည့် Jungkookတို့က သူ့အား ကျေးဇူးတင်စကားပြောချင်နေကြသည်။ သူနာပြုSoo၏ နားပူနားဆာ လုပ်နေမှုနှင့် အတူ Jiminသည် အခန်းနံပါတ်1358သို့ မအူမလည် ရောက်လာခဲ့သည်။

Jungkookသည် ချက်ချင်းကြီးတော့ သူ့အား ပြန်၍မမှတ်မိလာနိုင်ပေ။ Jungkookအတွက် အချိန်တစ်ခုအား လိုအပ်ပေသည်။ Jiminကိုယ်တိုင်ကလည်း Jungkookအား ခန္ဓာကိုယ်ထဲ ပြန်ဝင်ရန် တိုက်တွန်းခဲ့သူတစ်ဦးဖြစ်ပြီး သူ့အနေနှင့် Jungkookအား လူသားတစ်ဦးအဖြစ် မြင်နိုင်ရန် စိတ်ဆန္ဒပြင်းပြခဲ့သည်။ အင်တင်တင် လုပ်နေခဲ့သော Jungkook အား'' ငါစောင့်နိုင်ပါတယ်''ဟူ၍လည်း အကြိမ်ကြိမ်အဖန်ဖန် ကတိများပေးခဲ့သည်။
ထို့ကြောင့် ယခုကဲ့သို့ ရှောင်ပြေးနေ
မည့်အစား Jungkookအနားနေကာ မေ့ဖျောက်နေသော မှတ်ဥာဏ်များကို ပြန်လည် မှတ်မိလာစေရန် ကူညီပေးရမည်။ သူသည် Jungkook၏ အနားတွင် တစ်ချိန်လုံး ရှိနေပေးရလိမ့်မည်။

အခန်းနံပါတ်အား အချိန်အတော်ကြာ စိုက်ကြည့်နေကာ Jiminသည် အသက်ကို ခက်ခဲစွာ ရှူရှိုက်နေပြီး နှလုံးခုန်နှုန်းကလည်း လုံးဝရှုပ်ထွေးနေသည်။ Jiminသည် လေပူတစ်ချိုု့အား မႈတ္ထုတ္လိုက္ကာ ခႏၶာကိုယ္အား အနည်းငယ် ပြင်ဆင်လိုက်သည်။ ထို့နောက်တံခါးအား ညှင်သာစွာ ခေါက်လိုက်သည်။

ကျွီခနဲ မြည်သွားသော တံခါး၏ နောက်ကွယ်မှ ထွက်ပေါ်လာသောလူသည် Jungkookအတွက် မရှိမဖြစ်လိုအပ်လှတဲ့ သူငယ်ချင်းTaehyung။

ချစ်သောဒေါက်တာ(completed) Where stories live. Discover now