သူငယ်ချင်း အဆင့်က ပြန်စကြည့်လိုက်မည်
..................................................................................လူနှစ်ဦးရဲ့ ရင်ဘက်ထဲမှ ဖြစ်ပေါ်လာတဲ့ အချစ်ဟာ အရေခြုံထားတဲ့ မေတ္တာတရားသက်သက်သာဖြစ်သည်။ တစ်ဖတ်သားကို ကြင်နာယုယမှုတွေ ပေးတိုင်းလည်း ထိုသည်အချစ်မစစ်နိုင်။
Jimin၏ အမေဖြစ်သူသည်လည်း ထိုနည်းလည်းကောင်းပင်။ အဖေသေဆုံးပြီး သောအခါ လစ်ဟာသွားသော နှလုံးသားနေရာတွင်
လွယ်လင့်တကူပင် နောက်အိမ်ထောင်
ဟူသည်နှင့် အစားထိုးဖြေသိမ့်လိုက်သည်။
ချစ်ခဲ့သည်၊ မြတ်နိုးတွယ်တာခဲ့ပါသည်တို့သည် ရိုးရှင်းစွာ ဇာတ်သိမ်းပြီးသော ဇာတ်လမ်းတစ်ပုဒ်လိုပင် မေ့ပျောက်ပစ်လိုက်သည်။ဒါဆို အခုကရော။ Jimin သည် Jungkook၏ အချစ်အား မယုံရဲပါ။ ချစ်လို့နမ်းခဲ့တာထက် လိုချင်တပ်မက်မှုကြောင့် နမ်းခဲ့ကြတာ
ပိုများသည်။ တစ်နာရီ ဆယ်မိုင်နှုန်းနဲ့
ညင်ညင်သာသာ မောင်းနှင်နေသော ကားတစ်စီးသည် ဆိုင်းမဆင့်ဗုံမဆင့် တစ်နာရီ မိုင်တစ်ရာပြောင်းသွားရင် ဘာဖြစ်သွားနိုင်သလဲ။ ကားပေါ်ကလူတွေ ကတိမ်းကပါးဖြစ်သွားနိုင်သည်။ ကားလည်း မှောက်သွားနိုင်သည်။နှစ်ယောက်တည်း တွေ့ဖန်များလာတဲ့အခါ စိတ်တွေဟာ ပြောင်းလဲလာတက်သည်။ အခက်အခဲတွေကို အတူတူဖြေရှင်းကြတဲ့အခါ ထိတွေ့ချိန်တွေ ပိုများလာသည်။ လိုချင်မှု တစ်ခုတည်းကြောင့် နမ်းရှိုတ်ကြတဲ့အခါ နှစ်ဦးကြား
ဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းလာသည်။ဒါကို Jungkookသည် အချစ်ဟု သမုတ်ခဲ့သည်။
ဒေါက်တာကတော့ လက်မခံနိုင်သေးပေ။ ဒါသည် အနေနီးသော လူနှစ်ဦးအတွက် ဖြစ်ပေါ်လာတက်သော စိတ်ကစားမှုများသာဖြစ်သည်။Jungkookနှင့် နမ်းရသည်ကို သဘောကျသည်။
အီစီကလီ စကားများကိုလည်း ရင်ခုန်သည်။
အမြတ်တနိုးအကြည့်များကိုလည်း နှစ်ခြိုက်မိသည်။ ထိတွေ့ပြုစုများကိုလည်း ခုံမင်သည်။သို့သော် နှလုံးသားဟူသည် ယုံကြည်၍မရသော အရာဖြစ်သည်။ လူသားတို့၏ နှလုံးသားသည်
စဥ်းလဲလှည့်စားတက်ပြီး တစ်ခါတစ်ရံတွင်
လူတစ်ယောက်၏ စဥ်းစားနိုင်စွမ်းကို စုံလုံးကန်းစေသည်။ စိတ်၏ ဦးတည်ရာအစစ်အမှန်ကို
မမြင်အောင်ဖုံးကွယ်ထားတက်သည်။
KAMU SEDANG MEMBACA
ချစ်သောဒေါက်တာ(completed)