နိဂုံး
...........အချိုတွေပြည့်နေတဲ့ မွေးနေ့ညလေး
..................................................................................
Jungkookသည် မကြာမီ ကျရောက်တော့မည် Jimin၏မွေးနေ့ကို မည်သို့ကျင်းပပေးရမည်ကို စဥ်းစားရကျပ်နေခဲ့သည်။ တိုက်ဆိုင်စွာပင် October 13ရက်နေ့သည် LAတွင် Albumအတွက် ပြင်ဆင်နေရသည့် အချိန်ဖြစ်နေခဲ့သည်။
Jungkookဆိုသည်မှာ..ဒေါက်တာလေး၏ မွေးနေ့ရက်မြတ်အား အလွတ်ခံမည်တဲ့လား။ သူသည် အနုပညာလောကမှာ ကျော်ကြားသူဖြစ်ပြီး နာမည်ကောင်းရှိသူတစ်ဦး ဖြစ်သည့်အတွက် မည်သူမျှ အဒွန့်မတက်ရဲဘဲ
ကိုရီးယားနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရန်သာ ကူညီပေးခဲ့ကြသည်။မကြာမီ လေယာဥ်တစ်စီးသည် မဟူရာကောင်းကင်ကြီးမှတစ်ဆင့် ညတွင်းချင်းပင်
ကိုရီးယားနိုင်ငံသို့ ပျံသန်းလာတော့သည်။Jiminမိဘမဲ့ဂေဟာမှ ပြန်လာပြီးသည့်နောက်တွင် Jungkookနှင့်အရင်က နေခဲ့ဖူးသော တိုက်ခန်းလေးဆီသို့ ပြန်လာခဲ့သည်။
မေဘယ်ရောင် တီရှပ်ပွပွအား ဘောင်းဘီတိုတိုလေးနှင့် ဝတ်ဆင်ထားသည်။ မကြာသေးမီကမှ ရေချိုးထားသောကြောင့် ပိတုန်းရောင်ပိုးသားကဲ့သို့ ဆံစများသည် နဖူးပေါ်တွင်
ဝဲကျနေသည်။မှန်အပြည့်တပ်ဆင်ထားသော ပြတင်းပေါက်မှတစ်ဆင့် ယနေ့ညကောင်းကင်ကြီးအား ငေးစိုက်ကြည့်နေမိသည်။ ပေါင်ပေါ်တွင် မြောင်သည် မျက်လုံးများကို မှိတ်ကာ ဇိမ်ကျကျ မှိန်းလို့နေသည်။မြောင်အား ပွတ်သပ်ပေးနေရင်း တလတ်လတ်တောက်ပနေသော
ကြယ်ကလေးများကို ရေတွက်နေမိသည်။စားပွဲပေါ်မှ တုန်ခါလာသောဖုန်းကြောင့် ချက်ချင်းလှမ်းကြည့်လိုက်မိသည်။
''အိပ်နေပြီလား..''
''ဟင့်အင်း..မအိပ်သေးဘူး''
''ဒါဆို..Happy birthdayပါ...''
''ကျေးဇူးပါ..Jungkook...''
''ကိုယ်မွေးနေ့လက်ဆောင်ပို့ပေးထားတယ်..ရောက်ရင်Deliက ဖုန်းဆက်လိမ့်မယ်..သွားယူလိုက်နော်..အရင်တိုက်ခန်းမှာဘဲမလား..အဲ့ဒီလိပ်စာနဲ့ပို့ထားလို့...''
ESTÁS LEYENDO
ချစ်သောဒေါက်တာ(completed)