မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော ကလေးလေးပါဘဲ ဒေါက်တာ Park Jimin
..............................................................................
နေသည် ဦးခေါင်းတည့်တည့်၌ တည်ရှိနေသည်။ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်း မသိပေမဲ့ ဒေါက်တာဒီလမ်းကို လျှောက်နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။
''ဟူး..ဘဝကြီးက..colaလေးလာတိုက်မယ့်သူရှိရင်ကောင်းမယ်..ပူလိုက်တာလွန်ရော..''
နဖူးပေါ်ရှိချွေးစက်များကို သုတ်ရင်း အရှေ့ယွန်းယွန်းကို ကြည့်လိုက်တော့ ရင်ထဲ နေကြာပန်းများပွင့်လန်းကာ မျောက်အုန်းသီးရသကဲ့သို့ ပျော်ရွှင်မြူးထူးသွားသည်။
''Coming mini market''
ဆိုင်နာမည်ကိုက မဝင်ဝင်ချင်အောင် စွဲဆောင်နေသလိုပင် ဒေါက်တာ့ကိုလာပါလာပါဟု လက်ယက်ခေါ်နေသည်။
ရန်သူတော် နေရောင်ကိုရှောင်ရန် ခေါင်းပေါ်လက်တင်ရင်း ထိုဆိုင်သို့ ခြေသုတ်တင်ပြေးသွားသည်။
''welcome''ဟူသော ဆိုင်းဘုတ်ကြီးကို ကိုင်ထားသော ဗိုက်ပူပူနှင့် အရုပ်ကြီးသည် ဒေါက်တာကို ပူးပြဲကြည့်နေသယောင်ရှိသည်။ ဒေါက်တာလည်း ထိုအရုပ်ကို မလျော့သောဇွဲဖြင့် တင်းတင်းကြပ်ကြပ်ပြိုင်ကြည့်လိုက်သည်။
ဘာလဲ။ဒီဆိုင်ကလည်းဟိုဝိဥာဥ်ကောင်ကိုဗန်းပြပြီးကလေးတွေကိုမြူစွယ်နေပြန်တာလား။
ဗိုက်ပူဝတ်ထားသော''We Love Jungkook''ဟူသော အကျီကို မျက်မှောက်ကြုတ်ကာ ကြည့်ပြီး ဒေါက်တာသုံးသပ်နေမိသည်။
ထို့နောက်ဆိုင်ဘက်သို့ အနည်းငယ်လျှောက်လိုက်တော့ မျက်လုံးများက ဒေါက်တာရွှေ့
သည့်နောက်သို့ လိုက်ကြည့်သည်။နောက်သို့ တစ်လှမ်းပြန်ဆုတ်တော့လည်း ထိုဗိုက်ပူက လိုက်ကြည့်ပြန်သည်။ဒေါက်တာ အားရပါးရကိုရီမောလိုက်သည်။ထူးဆန်းပေစွ..ဗိုက်ပူရယ်။
ငါတို့ကိုရီးယားနိုင်ငံက တယ်ကိုခေတ်မှီလာပါလား။အလိုအလျောက် လှုပ်ရှားနိုင်သော ကြောငြာအရုပ်တစ်ခုဟု ဒေါက်တာကောက်ချက်ချလိုက်သည်။ဘာနေနေ လောလောဆယ်တော့ ခြောက်သွေ့လှသော အာခေါင်ကို ချိုမြလှတဲ့ အဖျော်ယမကာတစ်ခုခုဖြင့် ဖြန်းပတ်လိုက်ဦးမည်။
VOCÊ ESTÁ LENDO
ချစ်သောဒေါက်တာ(completed)