အပိုင်း (၂၂)

1.7K 199 26
                                    


ပြန်လည်နိုးထလာခြင်း
..................................................................................

''ဒီတစ်ခုကို ဆိုးလ်ပြန်ရောက်ရင် မင်းလက်မှာ ငါချည်ပေးမယ်''

Jiminသည် ထိုကတိစကားအား သတိတရ
ရှိသွားသည်။ သူ၏ လက်ကောက်ဝတ်၌ ဝတ်ဆင်ထားသော အနီရောင်​လက်​ကောက်လေး နှစ်ကွင်းသည် အဖြူရောင်ဂျူတီကုတ်နှင့် လိုက်ဖတ်နေသည်။

Jiminသည် အခန်းအား ဝှေ့ကြည့်ကာ သူနာပြုSooအား လိုက်ရှာလိုက်သည်။ အခန်း၏ ထောင့်တစ်ခုရှိ ဆိုဖာပေါ်တွင်
ဖုန်းတစ်လုံး ကိုင်ကာ ဝေကွဲမရဖြစ်နေသော သူနာပြုSooအား လှမ်းမြင်လိုက်သည်။ သူသည် လျင်မြန်စွာပင် သူနာပြုSooကို လှမ်းခေါ်လိုက်သည်။

''သူနာပြုSoo..''

''ဟုတ်ကဲ့ဒေါက်တာ..''

Sooသည် ဒေါက်တာ့နားသို့ လျစ်ခနဲ ရောက်လာခဲ့သည်။

''ကျွန်တော့်ကို ဒီလက်ကောက်ထဲက တစ်ကွင်းကို တစ်ချက်လောက် ကူဖြုတ်ပေးလို့ရမလား...''

''ဟုတ်..ဟုတ်..''

သူနာပြု Soo၏ အကူအညီဖြင့် လက်ကောက်လေးအား ဖြုတ်လိုက်ပြီးနောက် Jiminသည် စောင်ကြားထဲရှိ Jungkook၏ လက်တစ်ဖတ်အား ထုတ်ယူလိုက်သည်။ ထို့နောက် လက်ကောက်ဝတ်တွင် ဖြှည်းညှင်းစွာ ချည်ပေးနေခဲ့သည်။

တောင်းပန်ပါတယ်။
တောင်းပန်ပါတယ်။
ထပ်ပြီး...ထပ်ပြီး တောင်းပန်ပါတယ်။

စိတ်ထဲတွင် ထိုတောင်းပန်စကားကိုသာ အထပ်ထပ်အခါခါပြောနေရင်း မျက်ရည်များသည် ထပ်မံစီးကျလာပြန်သည်။ နှစ်ဦးသား၏ အခြေအနေအား ရိပ်စားမိနေပြီ ဖြစ်သော သူနာပြုSooသည် Jimin၏ ပခုံလေးအား ခပ်ဖွဖွလေး ကိုင်ကာ နှစ်သိမ့်ပေးနေမိသည်။

ထိုအချိန် အနီရောင်ကြိုးလေးအား ချည်နှောင်ပေးနေသော လက်ကောက်ဝတ်နေရာတွင် လှုပ်ရှားမှုတစ်ခုအား Jiminခံစားမိလိုက်သည်။ မဖြစ်နိုင်ပါဘူးလေဟု လျစ်လျူရှုလိုက်သော်လည်း နောက်တစ်ခါ ထိိမိလိုက်ချိန်တွင် Jiminမျက်လုံးများ ပြူးကျယ်သွားရသည်။

ထို့နောက် လက်ကောက်ဝတ်ရှိ သွေးကြောအား လျင်မြန်စွာ စမ်းသပ်လိုက်သည်။ မျက်ရည်များသည် ဝဲတက်လာကာ အသံများသည် တုန်တုန်ရီရီဖြစ်နေသည်။

ချစ်သောဒေါက်တာ(completed) Where stories live. Discover now