အချိန်တွေဘယ်လောက်ကြာကြာငါစောင့်နိုင်တယ်
.................................................................................
''ဒါကဘယ်လိုဖြစ်တာလဲ...''
သူနာပြုSooသည် ဆေးရည် စီးဆင်းနေသည့်ပိုက်ပြွန်အား နားမလည်နိုင်စွာ ကြည့်နေမိသည်။ထို့နောက် Jiminအား အလျင်အမြန် ဖုန်းခေါ်လိုက်သည်။ စိတ်ထဲတွင် စနိုးစနောင့်ဖြစ်နေကာ မကြာခင် မုန်တိုင်းတစ်ခု ကျရောက်လာတော့မည် ဟူ၍ ခံစားနေရသည်။
''hello..ဒေါက်တာ..''
''သူနာပြုSoo..''
''ဒေါက်တာ...လူနာJungkookလေ''
တစ်ဖတ်က Jimin၏ စိတ်ထဲ၌ မကောင်းလှသော ခန့်မှန်းချက်တစ်ခု ခပ်ရေးရေးထွက်လာသည်။ Jiminသည် သတင်းဆိုးမဟုတ်လောက်ပါဘူးဟူသော မျှော်လင့်ချက်လေးအား ဆုပ်ကိုင်ထားလျက် ဗလုံးဗထွေး မေးလာခဲ့သည်။
''သူ...သူဘာဖြစ်လို့လဲ..''
''ဒေါက်တာ..ဆေးသွင်းတဲ့ အပ်ဖျားထိပ်က အပြာရောင်ပြောင်းလာတယ် ..ပြီးတော့...ပိုက်ပြွန်တစ်လျှောက်မှာလည်း အပြာရောင်
ခပ်မှိုင်းမှိုင်းတွေ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်နေတယ်... နှုတ်ခမ်းတွေနဲ့ လက်ထိပ်တွေကလည်း နည်းနည်းပြာနှမ်းနေပြီး မျက်လုံးတွေကလည်း ဖောင်းကားလာတယ်..သွေးပြန်ကြောတွေလည်း ကျုံ့ကုန်တယ်..ကျွန်မတို့ ကျွန်မတို့..ထင်နေတာ
မဖြစ်နိုင်ဘူး မလား ဒေါက်တာ...''Jimin၏ မျက်လုံးများ ချက်ချင်းပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာရသည်။ ခေတ္တမျှ မေ့ဖျောက်ထားခံခဲ့ရသော ပြဿနာတစ်ချို့ သည် ဦးနှောက်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ သူတို့သည် Jungkook၏ ခန္ဓာကိုယ်ကို ဒီအတိုင်း ပစ်ထားခဲ့ကြသည်။ လီချယ်ယောင်း၏ ကောက်ကျစ်စဥ်းလဲသော အကြံဥာဏ်များကို လျော့တွက်မိခဲ့သည်ပင်။
ဆရာဝန်တစ်ဦး အနေဖြင့် ဤသို့သော အနေအထားသည် မည်သည့် အခြေအနေရောက်နေမှန်း ခန့်မှန်းမိလာသည်။ ဖုန်းကိုင်ထားသော လက်သည် တုန်ရီလာခဲ့ပြီး ပြတင်းပေါက်ဘေးတွင် ထိုင်ကာ မြောင်နှင့် အတူဆော့ကစားပေးနေသော Jungkookထံသို့ အကြည့်ရောက်သွားသည်။ Jungkookသည် နှစ်လိုဖွယ်လေး ပြုံးပြကာ ''ဘာဖြစ်တာလဲ''ဟူသော အသံတိုးတိုးလေးဖြင့် မေးလာသည်။
YOU ARE READING
ချစ်သောဒေါက်တာ(completed)