အပိုင်း ( ၄ )

2.6K 274 8
                                    

ရင်တွေခုန်နေတယ် ..ဒေါက်တာရယ်
..................................................................................

အလင်းရောင် ခပ်မှိန်မှိန်သာ ကျရောက်နေသော အခန်းတစ်ခန်း။ ပြတင်းပေါက်တစ်ချပ်တော့ ရှိပြီး ထိုပြတင်းပေါက်ကိုတောင် အနည်းငယ်သာ အလင်းရောင်ရရုံလေး ဟထားသည်။ အဖြူရောင် နံရံတစ်လျှောက်တွင် ဖယောင်းတိုင်များကို စီစီရီရီ ထွန်းနိုင်သော ရှည်လျားလွန်းသည့် စတီးစင်ကို ထောင်ကပ်လို့ထားသည်။

အခန်းသို့ဝင်လိုက်သည်နှင့် အဝါရောင် ဖဲသားကို ခင်းကျင်းထားသော စားပွဲခပ်ရှည်ရှည် အပေါ်တွင် အမျိုးအမည် မျိုးစုံသော နတ်ရုပ်ထုများကို ကိုးကွယ်ထားပုံရသည်။ ခပ်အာအာ ပွင့်လန်းနေသော အဖြူရောင်
ဂန္ဓာမာပန်းများကို ပန်းအိုးများနှင့် အလှပဆုံးထိုးစိုက်ထားကာ စားပွဲဘေးတစ်ဖတ်တစ်ချက်တွင် နေကြာပန်းစိုက်ထားသော ပန်းအိုးကြီးနှစ်လုံးကို တွေ့ရသည်။

ထိုစားပွဲ ရှေ့တွင် ထိုင်နေသော နတ်ဝင်သည်၏ မျက်နှာထားသည် သီလဂုဏ်ရှိန်ကြီးမားသည်ဟုခံစားရမိပြီး သူမ၏ ခေါင်းထက် ဆောင်းထားသော ဦးဆောင်မှ အဝါအနီအစိမ်း ဖဲကြိုးများသည် ပခုံးပေါ်တွင် ပြေးလွှားနေသည်။ ညာဘက်လက်တွင် ကိုင်ထားသော ခြူလုံးများပါရှိသည့် ပစ္စည်းတစ်ခုကို တခြွင်ခြွင်မြည်အောင် လှုပ်ရှားရိုတ်ခတ်နေကာ အနည်းငယ်အေးစက်သောလေသံဖြင့်ပြောလို့လာခဲ့သည်။

''ဒီနေရာမှာ ရှိမနေသင့်တဲ့လူဘဲ''

အသံသည် တပြေးညီဖြစ်နေသော်လည်း တိုးဝင်လာသော ဂန္ဓာပန်းရနံ့နှင့်
ကြောက်လန့်စိတ်ကြောင့် ရေပြင်ပေါ် ကျောက်ခဲတစ်လုံး ပြုတ်ကျလာသလို နှလုံးသား​လေးသည်လည်း လှိုင်းထန်စွာ
ရိုတ်ခတ်သွားတော့သည်။

နံရံပေါ်ရှိ ထွန်းချင်းထားသော ဖယောင်းတိုင်များသည် လေတိုက်တိုင်း ငြိမ်းသွားမည်
ထင်သော်လည်း ပြန်လည်လင်းလို့လာလိုက်၊မှိန်သွားလိုက်နှင့် အလုပ်ရှုပ်နေကြသည်။

''ကျွန်တော်...''

''နောက်က ဝိဥာဥ်က ဒီမှာရှိမနေသင့်ဘူး''

ချစ်သောဒေါက်တာ(completed) Where stories live. Discover now