အပိုင်း ( ၃၀ )

2K 206 12
                                    

နှင်းစက်တွေကြားကရိုမက်တစ်ဆန်ဆန်အနမ်း

................................................................................

အ​ပြာရောင် အကျဥ်းထောင်အကျီသည် မီးရောင်ဝါဝါအောက် ထင်လင်းလို့နေသည်။ Jameသည် ကုတင်ပေါ်တွင် မျက်နှာသေနှင့် ထိုင်ရင်း ကြမ်းပြင်သို့ စိုက်ကြည့်နေမိသည်။ အကျဥ်းထောင်တံခါးတွင် သံတိုင်သုံးခုဖြင့် အပေါက်ကလေးများပြုလုပ်ထား​ပြီး အပြင်လောက၏ အလင်းရောင်များသည် ဖြာကျနေလျက်ရှိသည်။

Jameသည် လက်တစ်ဖတ်အား ထိုအလင်းရောင်ပေါ်သို့ ရွေ့လိုက်သည့်အခါ သံတိုင်၏ အရိပ်များသည် သူ၏လက်ဖမိုးပေါ်သို့ လာရောက်ထင်ဟပ်လို့နေသည်။ လက်အားဖယ်လိုက်သောအခါ ထိုအရိပ်က ကြမ်းပြင်ပေါ်သို့ ခုန်လွှားသွားသည်။ လက်ပြန်ထားလိုက်သော်....။

နှုတ်ခမ်းသည် အနည်းငယ် တွန့်ကွေးသွားရုံကလွဲ၍ Jameသည် မည်သည့်ခံစားချက်မျှ ရှိမနေသော လူတစ်ဦးကဲ့သို့။ လက်အားပြန်ရုတ်လိုက်ပြီး ကုတင်ပေါ်တွင်တင်ထားသော အထုပ်အား လှမ်းကြည့်လိုက်သည်။

''အရူးဘဲ...''

ထိုစကားသုံးလုံးကိုသာ Jameပြောခဲ့သည်။ သူ၏ အတွေးများသည် ဂယောင်ယန်ဆား​ကျင်း၏ ညနေခင်းအချိန်တစ်ခုသို့...ဒီထက်ပို၍ ရှင်းလင်းရလျှင် လီချယ်ယောင်း၏ သေနတ်သည် သူ၏ နဖူးတည့်တည့်၌ ရှိနေခဲ့သော အချိန်။

ဒိန်း....။

ကျယ်လောင်လွန်းလှသော သေနတ်သံနောက်တွင် သွေးများသည် တတောက်တောက်
နှင့် Jame၏ နဖူးပေါ်သို့ စီးကျလာခဲ့သည်။ သို့သော် ထိုသွေးများသည် Jameမှ မဟုတ်ခဲ့ဘဲ လီချယ်ယောင်း၏ သေနတ်ကိုင်ထားသော လက်ဖဝါးဆီမှ ဖြစ်သည်။

''Jame...!!''

သူ ကလေးလေးအသံကို ကြားလိုက်တယ်။ ဒါက သူ့ရဲ့နောက်ဆုံးအချိန်မှာ ထင်ယောင်ထင်မှား ကြားခဲ့ခြင်းလို့သာထင်ခဲ့တာ။ ဒါပေမဲ့ ကလေးလေး သူ့မျက်စိရှေ့ကို ရောက်လာခဲ့တယ်။ သူတစ်ယောက်ထဲမဟုတ်ဘူး။ ရဲတွေရော...ပြီးတော့
မီဒီယာတွေရော....။ ကင်မရာ မီးရောင်တဖျတ်ဖျတ်တွေကြား ကလေးလေးက သူ့ဆီကိုပြေးလာခဲ့တာ။ ပြီးတော့ သူ့ရဲ့တင်းတင်းကြပ်ကြပ်နဲ့ ဖတ်ထားခဲ့တဲ့ အထိအတွေ့တစ်ခု။ သူအသံတိုးတိုးလေးနဲ့ ကျွန်တော့်ကို တဖွဖွပြောနေခဲ့တယ်။

ချစ်သောဒေါက်တာ(completed) Tempat cerita menjadi hidup. Temukan sekarang