အပိုင်း (၂၃ )

1.8K 185 12
                                    


ကျုပ်ခင်ဗျားကို သတ်ပစ်မယ်

လီချယ်ယောင်း
.................................................................................

အဖြူရောင် အအေးခန်း ကားသည် သင့်တင့်လျှောက်ပတ်လှသော အရှိန်တစ်ခုဖြင့် မောင်းနှင်လာသည်။ Jameသည် ဘေးဘီသို့ တစ်ချက်
ကြည့်လိုက်သည်။ ယနေ့တွင် လူကုန်ကူးရန် သွားရောက်သော ကားသည် အနည်းငယ် လုံခြုံရေး လျော့နည်းနေသည်။ အရှေ့တွင် ဦးဆောင်သွားနေသော ကားတစ်စီးသာလျှင် ရှိနေကာ Jameသည် တစ်ခုခု လွဲမှားနေပြီဟု ခံစားလိုက်ရသည်။

''Jame..Jame...''

ပျံလွှင့်နေသော စိတ်အာရုံများအား အတက်နိုင်ဆုံး ပြန်စုစည်းလိုက်သည်။ Jameသည် ဤအမှုအား အမြန်ဆုံး ပြီးမြောက်ချင်နေမိသည်။ သူ့အနေနှင့် မလိုအပ်သော သတိချပ်မှုများ အမြဲတစေ ဖြစ်ပေါ်တက်သည်။ မိန်းကလေး
အယောက်၂၀၊ လူကုန်ကူးတဲ့ အချိန်က ရဲတွေ ဂျူတီလဲလှယ်တဲ့အချိန်၊  စစ်ဆေးရေး လျော့တိလျော့ရဲ ဖြစ်တက်တဲ့ ညနေလေးနာရီ ။ ဤအချိန်၊ ဤလူဦးရေနှင့် ယခုကဲ့သို့သော လုံခြုံရေးသည် အကောင်းဆုံးပင်ဖြစ်သည်။ Jameသည် စိုးရိမ်မှု အနည်းငယ် ရှိခဲ့ခြင်း ဖြစ်နိုင်သည်။

ထို့ပြင် ယခုတစ်ခေါက် လူကုန်ကူးခြင်းသည်
လီချယ်ယောင်းကိုယ်တိုင် စီစဥ်ခဲ့ခြင်းဖြစ်ကာ ယခုလအတွက် တတိယအကြိမ်မြောက်အသုတ်ကို သူ့အနေနှင့် ​အမြန်ဆုံး တစ်ဖတ်နိုင်ငံသို့ ပို့နိုင်ရန် အားထုတ်နေမိသည်။ အဘယ်ကြောင့်ဆို Jungkook၏ ကိစ္စနှင့်ပတ်သတ်ပြီး သူအား ဆိုးလ်ရဲများက မျက်စိတောင့်ထောက် စောင့်ကြည့်နေခဲ့သည်။ ယခုတစ်ခေါက် လူကုန်ကူးပြီးတာနဲ့ လီချယ်ယောင်းသည် နိုင်ငံခြားသို့ လအနည်းငယ် ခြေရာဖျောက်နေရန်အတွက်
  စီစဥ်ထားပြီးဖြစ်သည်။

Jameသည် သူနှင့် အတူပါလာသော လူနှစ်ယောက်အား အချက်ပြလိုက်သည်။ ကိုယ်တိုင်သည်လည်း သေနတ်တစ်လက်ကို ဆုပ်ကိုင်ထားသည်။ ကားနှစ်စီးသည် ကိုက်နှစ်ရာအကွာမှ ဖြည်းဖြည်းချင်း Jameတို့အရှေ့ ရောက်လို့လာသည်။ Jameသည် သူ၏ တပည့်နှစ်ဦးအား ခေါင်းညိမ့်ပြလိုက်သည်။

ထိုလူနှစ်ဦးသည် Jame၏ ညွှန်ကြားချက်ရသည်နှင့် ကားနှစ်စီးလုံး၏ အရှေ့ဘီးများကို ပစ်ခတ်လိုက်သည်။ ကားနှစ်စီးသည်  ဒယိမ်းဒယိုင်နှင့်ရပ်သွားခဲ့ရပြီး အရှေ့ရှိ အနက်ရောင် ကားပေါ်မှ လူလေးယောက်ခန့်သည် လက်နက်ကိုယ်စီနှင့် ဆင်းလာခဲ့သည်။ Jameသည် လျင်မြန်စွာပင် ညာဘက်ရှိ လူနှစ်ဦး လက်နှင့် ခြေထောက်အား ပစ်ခတ်လိုက်သည်။ ဘယ်ဘက်ရှိ လူနှစ်ယောက်ကိုတော့ Jame၏ တပည့်များက ပစ်ခတ်လိုက်သည့််အတွက် ပုံလျက်သား လဲကျကုန်သည်။

ချစ်သောဒေါက်တာ(completed) Donde viven las historias. Descúbrelo ahora