အပိုင်း (၂၈ )

2K 190 16
                                    

ဒုတိယအကြိမ်ချစ်ခွင့်ပန်ခြင်း

..................................................................................

''ဗီဒီယိုမှာ တွေ့ရတဲ့ Tattooတွေက မင်းရဲ့Tattooတွေ ဟုတ်ပေမဲ့ နည်းနည်းမှောင်နေတော့ သေချာမြင်ရမှာမဟုတ်ဘူး...ဒီအကြောင်းပြချက်နဲ့ ငါတို့ငြင်းလို့ရသေးတယ်...မင်းရဲ့Fanတစ်ယောက်က ပုံတူTattooကိုထိုးထားတယ်လို့ပေါ့...အရပ်အမောင်း၊ စကားသံတွေကတော့ တူနေပေမဲ့ ငါတို့က
ဒီလိုသာ ထုတ်ပြန်လိုက်မယ်ဆိုရင် မင်းရဲ့Fanလေးတွေက ယုံပေးဖို့ အဆင်သင့်ဘဲ...Antiတွေကိစ္စကိုတောင် သူတို့ဘာသာဖြေရှင်းပေးနိုင်တယ်...ဒါမဲ့ခက်တာက...မင်းလည်းတွေ့ပြီးလောက်မှာပါ...''

Taehyung၏ သက်ပြင်းချသံပြင်းပြင်း ဖုန်းထဲတွင် နားဝင်ဆိုးစွာ ကြားလိုက်ရသည်။ Jungkookသည် မျက်လွှာချလျှက် နားလည်သွားခဲ့သည်။

ယခုကဲ့သို့သော အချိန်များတွင် Jungkookသည် သူ၏ Fanများကို တော်တော်ကိုလေးစားမိပါသည်။ Fanများခြင်းသည် ကောင်းမွန်သော အရာတစ်ခုဖြစ်ပြီး မိမိနှင့် ပတ်သတ်လျှင်သူတို့သည် ရှေ့တန်းမှ
ကာကွယ်ပေးတက်ကြသည်။ ယုန်သူငယ်လေးကို ခွေးအတွေဆီကနေ စောင့်ရှောက်ပေးနေတဲ့ ကျားမကြီးတွေလိုလေ...။

သို့ပေသော်ငြား...အစွမ်းထွက်လွန်းသော စုံထောက်အစွမ်းဖြင့် အောက်ဖဲတစ်ခုချင်းဆီကိုလည်း လှန်လှောရှာဖွေတက်သူများမှာ အဆိုပါကျားမေမေကြီးတို့ပင်ဖြစ်သည်။ ချစ်စရာကောင်းသလောက် တစ်ခါတစ်လေ Jungkookသည် antiများထက် သူ၏fanများကို ပို၍ကြောက်ရပါသည်။ လျှပ်တဖြတ် snapပုံများသည် ကြောက်ခမန်းလိလိ သူ၏Fanများလက်ထဲတွင် အသုံးတော်ခံများဖြစ်နေဆဲ။

ဗီဒီယိုထဲရှိ Jiminသည် Jungkookဘက်သို့ လှည့်ကာ စကားပြောနေသော ပုံအား ဖြတ်ယူသွားပြီး ထိုပုံကိုအလင်းမြှင့်လိုက်သည့်အတွက် ဘေးတိုက်အနေအထား ဖြစ်စေကာမူ ရုပ်ပန်းသွင်ပြင်အား ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။

တစ်ယောက်စကားတစ်ယောက် လက်ဆင်းကမ်းရင်း ထိုချောမောလှသည့် ကောင်လေးမှာ ''ဒေါက်တာPark Jimin''ဖြစ်မှန်း ခန့်မှန်းမိ
ကြမည်ဖြစ်သည်။ ဒေါက်တာသည်
ဟိုးအရင် Jungkookအား အသက်ကယ်တင်ပေးခဲ့သော ဆရာဝန်ဟူ၍လည်း Jungkook fanများ၏ ကိုးကွယ်ခြင်းကို ခံခဲ့ရသည့်အတွက် Twitterပေါ်တွင် ဒေါက်တာ့အပေါ် ပြစ်တင်ရှုတ်ချသော စကားများ အနည်းငယ် ငြိမ်သက်နေပေသည်။

ချစ်သောဒေါက်တာ(completed) Tahanan ng mga kuwento. Tumuklas ngayon