အပိုင်း ( ၁၇ )

53 10 0
                                    


ဝတ္ထုက HEလား SEလား

.................................................................................

ဘေးပတ်ဝန်းကျင် တစ်ခွင်တွင် လူများကျိတ်ကျိတ်တိုး စည်ကားနေသည်။ ဆုတောင်းပွဲအား အတူတူလာရောက်ကြသော မိသားစုများ၊ Jungkook၏ အမာခံ ပရိတ်သတ်များ ၊ချစ်သူရည်းစားစုံတွဲများသည် မီးပုံးကိုယ်စီကိုင်ကာ သွားလာလှုပ်ရှား ပျော်ပါးနေကြသည်။

''ငါငယ်ငယ်က..''

''အင်..''

Jungkookဘက်သို့ လှည့်ကာ သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောသည်။

''ဒီလိုပွဲမျိုးတွေ သွားလေ့မရှိဘူး..သူငယ်ချင်းတွေလည်း သိပ်မရှိတဲ့အတွက် မီးထွန်းပွဲတော်ဆိုတာကို မြင်တောင်မမြင်ဖူးဘူး..''

''နောက်ဆို..နောက်ဆို..ကျွန်တော်တို့အတူတူ သွားကြတာပေါ့...''

ဒါပေမဲ့..မင်းလည်း..တစ်ချိန်ကျရင်..ငါ့ကိုမေ့သွားမှာပါ။ ဒါကိုတော့Jiminစိတ်ထဲမှ ပြောလိုက်ခြင်းဖြစ်သည်။

Jiminသည် အသက်ကိုရှူထုတ်လိုက်ပြီး ဆက်ပြောသည်။

''ငါ့ရဲ့ ကလေးဘဝ ကိစ္စတိုင်းက မင်းတို့လို မရိုးရှင်းနေဘူး ..အဖေအမေ မောင်နှမတွေနဲ့ ပျော်ရွှင်မှုဆိုတာ ဘာလဲ ငါမသိခဲ့ဘူး.....အားလပ်ရက်တွေမှာ တစ်ခြားကလေးတွေ သူတို့မိဘတွေနဲ့အတူတူ လျှောက်လည်နေတဲ့အချိန် ငါကတော့ ဆိုင်ရှင်ခိုင်းသမျှ ပြေးလွှားလုပ်နေရတဲ့ အလုပ်သမားလေး တစ်ယောက်ပေါ့...ငါ့အတွက် အားလပ်ရက် ဆိုတာ မရှိခဲ့ဘူး..တစ်ခြားသူတွေ ခေါ်နေတဲ့ အဖေအမေဆိုတာတွေကို ငါမေ့နေတာ တော်တော်ကြာနေပြီ..ကောင်းတာ၊ ဆိုးတာ၊ နာကျင်ရတာ စတဲ့ကိစ္စတွေကို ငါကိုယ်တိုင် အရွယ်နဲ့မမျှအောင် ခံစားခဲ့ဖူးပြီးသွားပြီ...ဒီထက်ဆိုးတဲ့ကိစ္စတွေတော့ ထပ်မလာစေဖို့ မျှော်လင့်မိတယ်..''

''ဒေါက်တာ..''

နှစ်သိမ့်ပေးချင်သော လက်နှစ်ဖတ်သည် လေထဲတွင် ရပ်တန့်နေသည်။ ဒီခန္ဓာကိုယ်အား မပိုင်ဆိုင်သေးမီ ထိသင့်မထိသင့် ဝေခွဲရခတ်နေသည်။

''အမေငါ့ကို ဘယ်လိုခေါ်ခဲ့လဲဆိုတာတောင် မမှတ်မိတော့ဘူး..Jiminလား မဟုတ်ဘူး..မင်လေးလို့ခေါ်ခဲ့တာလား..သေချာမမှတ်မိတော့ဘူး''

ချစ်သောဒေါက်တာ(completed) Hikayelerin yaşadığı yer. Şimdi keşfedin