တကယ့်လွန်ကြူးတယ် ဆိုတာ
ဒေါက်တာ့ကို လက်တွေ့ပြပေးရမလား
..................................................................................ခေါက်ဆွဲဆိုင်ကလေးသည် အရမ်းကြီး
မခမ်းနားနေသော်ငြား အတော်အသင့် သပ်ရပ်သန့်ရှင်းသော ဆိုင်ကလေးဖြစ်သည်။ ဘက်ထရီမီးအိမ်များအား ဆိုင်၏အဖြူရောင် ခေါင်မိုးတွင် ချိတ်ဆွဲထားပြီး ပိုးဖလံများသည် ထိုမီးအိမ်များထံသို့ တိုးကာဝင်နေသည်။ဆိုင်ထဲတွင် စားပွဲဝိုင်း ခြောက်ခုခန့်ကို ခင်းကျင်းထားပြီး မိသားစု၊သူငယ်ချင်း၊
လုပ်ဖော်ကိုင်ဖတ်၊သမီးရည်းစားများနှင့်
ဆိုင်ကလေးသည် အသက်ဝင်လှသည်။ တစ်နေကုန် ပင်ပန်းနွမ်းနွယ်ခဲ့သမျှကို ဆိုဂျူလေးနှင့် အရည်ဖျော်ပစ်နေ ကြသည့်ဟန်။Jiminသည် အလင်းရောင် ခပ်ဖျော့ဖျော့သာ
ရသော ထောင့်စွန်းစားပွဲဝိုင်းလေးအား ရွေးလိုက်သည်။ လူအများအမြင်တွင်
တစ်ယောက်ထဲဟုသာ တွေးနိုင်ပြီး မမြင်နိုင်သော လောကက လူတစ်ဦးနှင့် စကားပြောနေသော သူ့အား အရူးဟု မထင်မှတ်စေချင်ပါ။ ထို့ကြောင့် ချောင်ကျကျ စားပွဲဝိုင်းအား ရွေးခဲ့သည်။''မှာလိုက်လေ...ကိုယ်ကတော့ စားလို့မရဘူး..သိတယ်မလား''
ဤဆိုင်၏ နာမည်ကြီး အစားစာဖြစ်သည့် ခေါက်ဆွဲပြုတ်နှင့် ဆိုဂျူတစ်ပုလင်း မှာလိုက်သည်။ မကြာမီပင် အဓိကဟင်းလျာဖြစ်သော ခေါက်ဆွဲသည် စားပွဲဝိုင်းအလယ်သို့ ရောက်လာသည်။
ရွှေရောင်သွင်းထားသော ကြေးသတ္တုအိုးကြီးထဲတွင် အငွေ့တထောင်းထောင်းနှင့် ခေါက်ဆွဲပြုတ်သည် စားချင်ဖွယ်အတိ။ ဒေါက်တာသည် အစားစာတွေ အကြောင်းသိပ်တော့နားမလည်ပါ။ သို့ပေကား ဤခေါက်ဆွဲသည် ဆေးရုံ၌ စားခဲ့ရသော ခေါက်ဆွဲထက်တော့ အဆပေါင်းများစွာ စားကောင်းလို့နေသည်။ ခေါက်ဆွဲထဲ၌ ထည့်သွင်းထားသော အဆာပလာများသည် စုံလင်လှပြီး အပေါ်၌ ကြက်ဥဟက်ဗွိုင် တစ်လုံးနှင့် ဝက်ပေါင်ခြောက်ကြော် အနည်းငယ်ကို အလှဆင်ထားသည်။
Jiminသည် ခေါင်းငုံ့လျက်ပင် ဝက်ပေါင်ခြောက်များအား ရွေးစားနေသည်။
''ဒေါက်တာက ဝက်ပေါင်ခြောက် ကြိုက်တာလား''
Jimin ခေါင်းငြိမ့်ပြသည်။
YOU ARE READING
ချစ်သောဒေါက်တာ(completed)