အပိုင်း ( ၃ )

2.8K 291 6
                                    

ဝိဥာဥ်ကောင်က ဆိုးတော့မဆိုးပါဘူး
..................................................................................

အ​ဖြူရောင်ကားလေးသည် ဆိုးလ်မြို့ကြီးကို ကျောခိုင်းကာ ကျေးလတ်လမ်းလေးဆီရောက်လာသည်။

လမ်းနှစ်ဖက်လုံးတွင် အဝါရောင် နေကြာပန်းခင်းကြီးကို တွေ့မြင်ရပေမည်။ မျက်စိတစ်ဆုံးရှိသော အဝါရောင် ပင်လယ်ကြီးသည် စိတ်ကို ပသာဒ ဖြစ်စေကာ တက်ကြွလန်းဆန်းလာစေသည်။

ကားမှန်လေးကိုချကာ လတ်ဆက်လှသော ကျေးလတ်လေကို ရှူသွင်းမိတော့ ခပ်သင်းသင်းနေကြာပန်းရနံ များသည် နှောက်ကျိနေသော ဦးနှောက်ကိုကြည်လင်သွားစေသည်။

နေရောင်ခြည်သည် အဝါရောင် ပန်းခင်းကြီးပေါ်သို့ ဖြာကျလျက်၊ နေကြာပန်းများသည် နေမင်းကြီးရှိရာဘက်သို့ မျက်နှာမူလျက်လေယူရာယိမ်းနွှဲ့နေ​ကြသည်။

ဘေးက နပူနဆာလုပ်လွန်းသော ဝိဥာဥ်ကောင်သည် အချိန်ကောင်းကို ဖျက်လိုဖျက်ဆီးလုပ်လျက်ရှိကာ ကလေးတစ်ယောက်လို လိုချင်သော အဖြေကို မသိမချင်း မေးခွန်းတွေမေးလို့​​နေသည်။

''မေးနေတယ်လေ.. ဗိုက်ပူကဘယ်သူလဲ..''

''Jeon Jungkook ဘယ်လိုတွေဖြစ်နေတာလဲ..''

''ဒေါက်တာParkက ကုတင်ပေါ်မှာ ဒေါက်တာကြောင့် မထနိုင်တဲ့ လူနာကို ပစ်ပယ်ပြီး ဗိုက်ပူဆိုတဲ့လူကို ဆေးကုပေးနေလို့လေ..''

''စိတ်တွေပျက်လိုက်တာ...''

ကားကိုဘေးသို့ ကပ်ရပ်လိုက်ကာ ဒေါက်တာသည် ကားပေါ်က ဆင်းသွားလိုက်ကာ ကားကိုမှီရင်း ဆူပုတ်ပုတ် မျက်နှာနှင့် ပန်းခင်းကြီးကို ငေးကြည့်လိုက်သည်။ ဘယ်ကဘယ်လို ကားခေါင်မိုးပေါ်ရောက်သွားမှန်း မသိသော  ထိုရူးကြောင်ကြောင်အဆိုတော်သည် ခေါင်းကိုဖြည်းဖြည်းလေးဖွသည်။

''စိတ်ညစ်သွားပြီဘဲ..ကိုယ့်ဒေါက်တာလေး..''

''ဝိဥာဥ်ကောင်..စကားလေးတွေနည်းနည်းလျော့ပြီး သဘာဝတရားကို ခံစားကြည့်စမ်းပါ''

''ဒါပေမဲ့..ကိုယ့်ရဲ့သဘာဝတရားလေးက စိတ်ညစ်သွားတယ်လေ...''

'လာပြန်လာပြီ'ဟူသော စူးရှရှအကြည့်ကို
ကြည့်ပေးလိုက်သည်။ Jungkookသည် ငြိမ်သက်သွားကာ နေကြာပန်းခင်းကြီးကို ကြည့်နေလိုက်မိသည်။နှစ်ဦးလုံးမှ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက် ဒေါက်တာဘက်မှစကာ စကားဆိုလို့လာ​ပေသည်။

ချစ်သောဒေါက်တာ(completed) Onde histórias criam vida. Descubra agora