အပိုင်း ( ၆ )

2.2K 238 2
                                    

၁၀နှစ်သားလေးက အိမ်က ထွက်ပြေးပြီး ဘာလုပ်နိုင်ဦးမှာလဲ
..................................................................................

''အခြေအ​နေ ဘယ်လိုလဲ..''

''ကြည့်ရတာ လီချယ်ယောင်းမှာ ဥပဒေနဲ့မလွတ်ကင်းတဲ့ အလုပ်တစ်ခုခုတော့ ရှိနေပုံရတယ်''

''စိတ်ဝင်စားစရာဘဲ..ဘာလဲ..မူးယစ်ဆေးဝါးလား''

''နိုး..နိုး..အဲ့ထက်ပိုဆိုးတာလည်းဖြစ်နိုင်တယ်''

Taehyungသည် လက်ထဲမှ ဖိုင်တစ်ချို့အား Jungkookကို ကမ်းပေးလာသည်။ ထိုဖိုင်များထဲတွင် သက်သေအတည်တကျ မရှိသေးသော လီချယ်ယောင်း၏ ပြစ်မှုများကို အသေးစိတ် မှတ်တမ်းတင်ထားသည်။Jungkookသည် စာရွက်တစ်ရွက်ချင်းဆီတိုင်းကို ဖတ်​ရှုနေရင်းမှ မျက်ခုံးများတွန့်ကြုံ့လာသည်။

''ဘာ..အမျိုးသမီးမှောင်ခို!!''

Jungkook ကြည့်နေသော စာရွက်အား Taehyung တစ်ချက်လှမ်းကြည့်ကာ သက်ပြင်းတစ်ချ​က်ချမိသည်။

''လီချယ်ယောင်းရဲ့ နယ်ဘက်စီးပွားရေး လှုပ်ရှားမှုတွေကို ငါ မသက်ာဖြစ်မိတာနဲ့ နည်းနည်းစုံစမ်းကြည့်လိုက်တော့
ဂယောင်ယန်ဆားကျင်းမှာ ကိစ္စတစ်ချို့က
မူမမှန်ဖြစ်နေတာကို ငါတွေ့ရတယ်။ အဲ့ဒီဆားကျင်းမှာ ဆားကန် ၅၀၀ ကျော်ရှိတယ်။ ဂ​ယောင်ယန်ဆားကျင်းက အဲ့ဒီရွာမှာ အဓိကဘဲ။ ရွာရဲ့သုံးပုံနှစ်ပုံလောက်က အဲ့ဒီ ဆားကျင်းမှာ အလုပ်လုပ်ကြရတယ်။ အတိအကျပြောရရင် အမျိုးသမီးရဲ့သုံးပုံနှစ်ပုံဆိုပိုမှန်မယ်။ ဒါပေမဲ့ အဲ့ဒီအမျိုးသမီးအားလုံးကို ဆားကျင်းမှာ မတွေ့ရဘဲနဲ့ ပိတ်ရက်တွေမှ အိမ်ကိုပြန်လာကြတယ်တဲ့။ အစပိုင်းတုန်းကတော့ တစ်လကို ပိတ်ရက်တစ်ရက်ပေးပြီး လစာလည်း ကောင်းတဲ့အတွက် အဲ့ဒီဆားကွင်းမှာ အလုပ်လိုချင်တဲ့လူတွေများတာပေါ့။ဒါပေမဲ့ နောက်ပိုင်းမှာ အမျိုးသမီးတွေ တစ်ယောက်မှ ပြန်မလာကြတော့ဘူး။ အိမ်ကလာတွေရင်လည်း တွေ့ခွင့်မပေးတော့ဘူး။ ''

'ဒါကို ရွာသားတွေက သက်ဆိုင်ရာကို မတိုင်ကြဘူးလား''

ချစ်သောဒေါက်တာ(completed) Où les histoires vivent. Découvrez maintenant