ကိုယ် ကူညီပေးရမလား
................................................................................
မိမိကိုယ်ကို မေးခွန်းထုတ်နေမိသော်လည်း အဖြေသည် မထွက်လာခဲ့ပေ။Jiminသည် မိမိတစ်သက် ဤသို့မေးခွန်းမျိုးကို မကြားခဲ့ဖူးပေ။ ကိုယ်တိုင်ကလည်း ထိုကိစ္စများအတွက်နည်းနည်းပင်မစဥ်းစားခဲ့ဖူး။လိင်တူမပြောနှင့် သမရိုးကျ မိန်းကလေးတစ်ဦးနှင့်ပင် ချစ်သူရည်းစား မဖြစ်ဖူးခဲ့ပေ။ အချစ်ရေးတွင် Jiminသည် မည်မျှမှ စဥ်းစားခဲ့ခြင်း အလျင်း
မရှိ။ နှလုံးသား စေရာနောက်သာ လိုက်၍လက်ခံမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ယခုတွင်တော့ သူ့အတွက် အဖြေတစ်ခုလိုလာပြီဖြစ်သည်။ ထိုထက် မိမိအား ခံစားချက်ရှိနေပါတယ်ဟု ထုတ်ဖော်ပြောနေသော သူသည်လည်း ယောကျာ်းလေးတစ်ဦးဖြစ်နေသည်။ သူသည် နှလုံးသားရေးရာများကို ကြိုးရှည်ရှည်နှင့်မလှန်ထားချင်ပါ။မကြိုက်ဘူးဆိုရင် မကြိုက်ဘူး
ပွင့်ပွင့်လင်းလင်း ပြောလိုက်ချင်သည်။ သို့သော် Jiminတွင် သေချာရေရာသော အဖြေမရှိပေ။ သူကမိန်းကလေးတွေကိုဘဲ သဘောကျတာလား။ ဒါလည်းမဟုတ်နေမှန်း သူသိသည်။ဒေါက်တာ့အနေနှင့် အဖြေတစ်ခုခုအားရှင်းရှင်းလင်းလင်းသိချင်နေသည်။ သူကိုယ်တိုင်ကလည်း နားမလည်နေတာမလို့ Jungkookပြောသည် နည်းလမ်းများကို စမ်း
ကြည့်ချင်လာသည်။ငယ်ငယ်ကတည်းက စိတ်ဒုက္ခတွေ ခံစားလာသူမို့ နောက်ထပ် စိတ်ညစ်စရာများအား မတွေးတောချင်တော့ပေ။ ထို့ကြောင့် အတွေးထက် လက်တွေ့လမ်းကြောင်းနောက်လိုက်ကာ Jungkook၏ နည်းလမ်းများဖြင့် အဖြေရှာရန် ဆုံးဖြတ်လိုက်သည်။
...........Jameသည် Taxiတစ်စီးအား တားလိုက်ကာ နောက်ခန်းသို့ဝင်ထိုင်လိုက်သည်။ မျက်စိများကိုစုံမှိုတ်လိုက်ကာ လီချယ်ယောင်း၏ အသုံးတော်ခံဘဝအား ဒေါသထွက်နေမိသည်။ထိုစဥ် Taxiသည် မသွားသေးဘဲ ရှိနေသည့်အတွက် ဒေါသသည် ထိုဒရိုင်ဘာအပေါ် ပုံအပ်လိုက်ချင်သည်။ ထို့ကြောင့် ဆဲဆိုကြိမ်းမောင်းရန် မျက်လုံးများကိုဖွင့်လိုက်တော့ ကားတံခါးအား ဖွင့်ကာ ဝင်ထိုင်လာသော Chao။
BẠN ĐANG ĐỌC
ချစ်သောဒေါက်တာ(completed)