အပိုင်း (၁၄)

1.8K 188 4
                                    

Jungkookကို စိတ်မပူပါနဲ့

..................................................................................

''မတွေ့ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ Jiminရယ်..နေနိုင်လိုက်တာလွန်ရော..''

Jiminသည် တစ်ချက်ပြုံးလိုက်ကာ Jin hyungနောက်မှလိုက်သွားသည်။ ပြတင်းပေါက်နှစ်ပေါက်၏ ရှေ့တွင် သစ်ခွပန်းစင်တစ်ခုရှိသည်။ ထိုပန်းစင်၏ ရှေ့တွင် စားပွဲအဝိုင်းလေးတစ်လုံးနှင့်
ကြိမ်ထိုင်ခုံနှစ်လုံးရှိသည်။ စားပွဲပေါ်တွင် နေကြာပန်း နှစ်ပွင့််အား အစိမ်းရင့်ရောင် ကြွေအိုးလေးနှင့် ထိုးစိုက်ထားသည်။

''နေနိုင်လို့ရယ်လည်းမဟုတ်ပါဘူးHyungရယ်..ကျွန်တော်လည်း အခုမှ
ခွင့်ရတာနဲ့...''

''အင်းပါ..ဒေါက်တာကြီးရယ်''

''ဒါနဲ့ Hyung ....ကားက..''

''ရတယ်.. Namjoonကို ကားသော့ပေးလိုက်..
ဒီအိမ်ရဲ့ နှစ်အိမ်ကျော်လောက်မှာ လမ်းကြားရှိတယ်..အဲ့ကနေဝင်သွားရင် Hyungတို့ အိမ်ရဲ့အနောက် မြေကွက်လပ်ကို ရောက်တယ် အဲ့မှာကား ထားလို့ရတယ်..''

''Jimin သော့ပေး..Hyungသွားထားပေးမယ်..''

''Hyungကို အလုပ်ရှုပ်စေပြီ..''

Jiminသည် ကားသော့အား ရိုသေစွာ ကမ်းပေးလိုက်သည်။ ထိုအပြုအမူအား Namjoon hyungသည် သဘောကျနှစ်ခြိုက်သွားပုံရသည်။ ပါးခြိုက်ကလေး နှစ်ဖတ်ပေါ်အောင် ပြုံးပြရင် ထွက်သွားသည်။

Jiminသည် ထိုင်ခုံတွင် ထိုင်လိုက်ပြီး အိမ်ထဲသို့ လှမ်းကြည့်မိသည်။ ပြတင်းပေါက်
နှစ်ပေါက်သည် အခန်းအတွက် အလင်းရောင်အား ကောင်းစွာ ရစေရန် ကူညီပေးထားသည်။ ပြတင်းပေါက်အားကျော်၍ အခန်းထဲသို့ လှမ်းကြည့်သောအခါ စာအုပ်စင်များကို တွေ့ရသည်။ စာအုပ်စင် နှစ်ခုသည် နံရံအား အပြည့်နေရာယူထားသည်။ စာအုပ်စင်ဘေးတွင် ငါးကန်လေးတစ်ကန်ရှိသည်။ လိမ္မော်ရောင် အစင်းကြားလေးနှင့် ငါးသည် အပြာရောင်ရေကြည်ကြည်ထဲ ကူးလူးသွားလာနေသည်။

''အော်..Jiminလာတာနဲ့ အတော်ဘဲ..Hyungတို့
ဒီနေ့ဖရုံသီး စွပ်ပြုတ်လုပ်စားကြတယ်...ပြီးမှတူတူစားကြမယ်နော်..''

ချစ်သောဒေါက်တာ(completed) Donde viven las historias. Descúbrelo ahora