အပိုင်း ( ၂၁ )

70 8 0
                                    

နိုးထလိုက်စမ်းပါJungkookရယ်

..................................................................................

Jameထွက်သွားပြီးသည့်နောက် Jinhyungသည် Jungkookဘက်သို့ လှည့်ကြည့်လာသည်။ Jungkookအား သူပြောချင်နေသည်မှာ ကြာလွန်းလှပြီဖြစ်သည်။ Jameကြောင့် သူ၏ ရွှေပါးစပ်မှ ထွက်အံကျလာမည် စကားလုံးများအား မြိုချထားရသည်။ Jameထွက်သွားသည်နှင့် အသင့်စီထားသော စကားများကို ဒလဟောလွှတ်ချတော့သည်။

''Jungkook..မင်းကဘာလို့ ခန္ဓာကိုယ်ထဲ ပြန်မဝင်သေးတာလဲ..ဟိုမှာJiminတစ်ယောက်ထဲ ဘယ်လောက်ဒုက္ခရောက်နေလိမ့်မလဲ..မင်းအခုချိန်မှ ပြန်မနိုးထတော့ရင် Jiminကိုလည်း လူနာကိုသတ်တဲ့ ဆရာဝန်ဆိုပြီး လက်ညိုးထိုးကြတော့မှာ..မဟုတ်မှလွဲ ဒီဝိဥာဉ်ဘဝကို သဘောခွေ့သွားတာတော့မဟုတ်ဘူး
မလား...မင်းမြန်မြန်မသွားသေးဘဲ ဘာလုပ်နေတာလဲ..မြောင်ကိုစိတ်ပူနေတာလား..စိတ်ချ.. ကြောင်တစ်ကောင်ကို အစာသုံးနပ်တော့ ကျွေးနိုင်သေးတယ်...ငါအဲ့လောက်မွဲမနေသေးဘူး...ငါတို့Jiminလေး..ဘယ်လိုနေနေမလဲ..အားဂူးး..''

Jinhyungသည် စားပွဲပေါ်ရှိ ရေဖူးအား
အဖုံးပွင့်အား အားရပါးရသောက်ရင်း အမောဖြေလိုက်သည်။ Namjoon hyungနှင့် Jungkookသည် ပါးစပ်အဟောင်းသား
ဖြစ်နေကာ ကမ္ဘာ့အံ့ဖွယ်လူသားကဲ့သို့ Jinhyungအား ကြည့်နေကြသည်။

တစ်သက်နှင့်တစ်ကိုယ် ဤမျှ ပြောနိုင်လွန်းသော လူသားအား မတွေ့ဖူးသေးပေ။

''မင်းတို့..ငါ့ကိုဘာလို့ အဲ့လောက်ကြည့်နေတာလဲ..''

ထိုအခါမှ Namjoonသည် အသိစိတ်ပြန်ဝင်လာရသည်။ Jungkookကတော့ စောစောက စကားဝိုင်းထဲ ထည့်သွင်းခြင်း ခံထားရသော မြောင်အား လှမ်းကြည့်နေသည်။

''အချစ်ရာ..ကိုယ်ရှင်းပြမယ်..ရှင်းပြမယ်..အဲ့လောက်ပြောမနေပါနဲ့..ရေသောက်ဦးမလား..''

''မသောက်ဘူး..ရှင်း..အခုရှင်းစမ်း..''

''ဒီညက လပြည့်ညလေ...ကောင်းကင်မှာ လမင်းက အတိအလင်း ပြည့်ဝသွားတဲ့ အချိန် Jungkook ခန္ဓာကိုယ်ထဲ ပြန်ဝင်လို့ရပြီ..''

Jinhyungသည် ခေတ္တမျှ တွေးဝေနေပြီးနောက် ရေဘူးအဖုံးအား ပိတ်လိုက်ကာ Jungkookဘက်သို့ လှည့်ကြည့်လိုက်သည်။

ချစ်သောဒေါက်တာ(completed) Tahanan ng mga kuwento. Tumuklas ngayon