အပိုင်း ( ၃၂ )

2.4K 190 8
                                    

အလှဆုံးသောညလေးတစ်ည

..................................................................................

Jiminသည် ရုတ်တရက် အနမ်းတစ်ခုအား လက်ခံလိုက်ရသောကြောင့် Jungkook၏ ရင်ဘက်ကို တွန်းလိုက်မိသည်။ သို့သော် အင်အားချင်းသည် ငိုချင်လောက်ဖွယ်
မမျှတနေသဖြင့် အားကြီးသူJungkookသည် Jiminကို ရုန်းမရအောင် ခါးကိုဆွဲဖတ်ထားကာ နှုတ်ခမ်းများကို အငမ်းမရ ခြယ်လှယ်နေသည်။

အချိန်ကြာလာသည်နှင့်အမျှ Jungkookသည်
အနမ်းများကို ပို၍ အရှိန်မြင့်တင်လာခဲ့သည်။ Jiminကိုယ်တိုင်ကလည်း နှုတ်ခမ်းတစ်ခုလုံးအား စိတ်ကြိုက် ခြယ်လှယ်ခွင့်ပေးထားလိုက်သည်။ Jungkook၏ လက်များကလည်းအငြိမ်မနေဘဲ သူ၏ခန္ဓာကိုယ်အား နေရာလပ်မကျန် ပွတ်သပ်နေပြီး အဖြူရောင်
တီရှပ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်။

Jiminသည် သူ၏ အနမ်းများကြား အသက်ရှုမဝတော့ဘဲ ရင်ဘက်များ နိမ့်ချည်မြင့်ချည်ဖြစ်လာကာ အသက်ရှူနှုန်း မြန်ဆန်လာခဲ့သည်။ ခန္ဓာကိုယ်အား အစုန်အဆန်
ပွတ်သပ်နေသော လက်များကြား Jiminသည် ရှက်ရွံ့နေသော်လည်း မရုန်းနိုင်ခဲ့ချေ။

Jungkookသည် Jiminအား ပွေ့ချီလိုက်
သည့်အခါ Jimin၏ ခြေထောက်များသည်
ခါးထက်၌ ချိတ်လို့လာသည်။ Jungkookသည် အနမ်းများကို ဆက်ကာ အိပ်ခန်းထဲသို့ ပွင့်ချီခေါ်ဆောင်သွားပြီး နူးညံ့အိစက်လှသည်
ကုတင်ပေါ်သို့ ချပေးလိုက်သည်။
အိပ်ယာခင်းထဲသို့ နစ်ဝင်သွားသော ဒေါက်တာလေးအား အပေါ်မှ အုပ်မိုးကာ Jungkookအချိန်အတော်ကြာ စိုက်ကြည့်နေသည်။

''ဘာ..ဘာလို့ ဒီလိုကြည့်နေရတာလဲ..''

''ဒေါက်တာရဲ့ နီရဲနေတဲ့ မျက်နှာလေးက
သေလောက်အောင် ချစ်ဖို့ကောင်းနေလို့....''

Jungkookသည် မနေနိုင်လွန်းစွာ နှုတ်ခမ်းအား ပြွတ်ခနဲတစ်ချက်နမ်းလိုက်သည်။

''Jimin..''

''အင်..''

''ကိုယ်အခုအကုန်မှတ်မိပြီမလို့ ကိုယ့်ကိုအဖြေပြန်ပေးရတော့မယ်မလား...''

''ဒီအခြေအနေကိုကြည့်လေ...ဘာအဖြေကိုလိုချင်သေးတာလဲ..''

''ဒါကဘယ်လိုအခြေအနေမို့လို့လဲ..''

ချစ်သောဒေါက်တာ(completed) Wo Geschichten leben. Entdecke jetzt