မရီးကိုစနောက်ရတာပျော်ဖို့ကောင်းတယ်
.................................................................................
Jeon Group ၏ VIP Roomတစ်ခုတွင်ဖြစ်သည်။
စားပွဲသည် ဆယ်ယောက်စာလောက် ရှည်လျားပြီး ထိပ်ဆုံးတွင် Hoseokက မျက်နှာတည်ကြီးနှင့် ထိုင်နေသည်။ Hoseokဘေးတွင် Jungkookက ဖုန်းအား ငုံ့ကြည့်နေရင်း တစ်ခါတလေ လေတောင်ချွန်လိုက်သေးသည်။ မျက်နှာချင်းဆိုင်ဘက်တွင်တော့ Taehyungနှင့် Jiminရှိနေသည်။''နေရခက်နေလား...''
Taehyungသည် နားအနားသို့ကပ်ကာ ပြောလာသည့်အတွက် Jiminသူ့မျက်နှာလေးကို ကြည့်ကာ ပြုံးရင်း ခေါင်းခါပြလိုက်သည်။
Jiminသည် ပြတင်းပေါက်ဘေးရှိ ခုံတွင်ထိုင်နေပြီး နေရောင်မှာ ပြတင်းပေါက်ဘေးမှ
ဖြာကျနေကာ ဝါဖျော့ဖျော့အလင်းရောင်လေးက ထိုအခန်းအား နွေးထွေးသွားစေသော်ငြားJiminသည် အနည်းငယ်ပူပန်နေခဲ့ပြီး မှုန်ကုတ်ကုတ်နှင့် သူ၏ကော်ဖီအား ဇွန်းဖြင့်မွှေနေသည်။စတီးဇွန်းနှင့် ဖန်ခွက်ထိမိသော အသံသည်တိတ်ဆိတ်နေသော အခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဘုန်း.....။
Hoseok၏ စားပွဲခုံအား ခပ်ပြင်းပြင်း ရိုတ်ချလိုက်သော အသံသည် Jimin၏ ကျောပြင်အား တွန့်တက်သွားစေသည်။ Jungkookသည် မျက်ခုံးပင့်ကာ တစ်ချက်မော့ကြည့်လိုက်ပြီးနောက် ''ကြီးကြီးကျယ်ကျယ်တွေလုပ်နေတယ်''ဟူသော အတွေးလေးဖြင့် ဖုန်းကိုသာ အာရုံပြန်စိုက်လိုက်သည်။ ဖုန်းကို မကြည့်မီ တစ်ဖတ်ကဒေါက်တာလေးအား လှမ်းကြည့်ရန်လည်းမမေ့ခဲ့။
''တစ်နေ့တစ်နေ့...Antiတွေထက် မင်းရဲ့Fanတွေကြောင့်စိတ်ညစ်လို့ သေတော့မယ်..ငါက ဒီကိစ္စကို အမြန်ဖြတ်ဖို့ စဥ်းစားနေတဲ့အချိန် မင်းရဲ့Fanတွေက မင်းတို့အတွက် clubထောင်ပြီး ..ခွေးစာတဝကြီးစားဖို့ ပြင်နေကြပြီ... သူတို့IDOL ရည်းစားရသွားတဲ့သတင်းက ဘယ်နေရာကများ ဒီလောက်ထိ တက်ကြွနေစေတာလဲ...''
''club ..clubထောင်တယ်??''
Taehyungက ပြောလာခဲ့သည်။
YOU ARE READING
ချစ်သောဒေါက်တာ(completed)