အပိုင်း ( ၂၅ )

67 10 0
                                    

ဒီကထွက်သွားဖို့ဆန္ဒမရှိနေတာလား??

..................................................................................

ကားပေါ်သို့ တက်လာပြီးကတည်းက Jungkookသည် ကားကူရှင်အား မှီပြီး အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေမိသည်။ ဒရိုင်ဘာသည် အလိုက်သတိလေးဖြင့် ကားအား ငြင်ငြင်သာသာလေး မောင်းနေသည်။

Jungkookသည် သူတို့ကားနှင့် အပြိုင်
မောင်းနှင်နေသော အများသုံး ဘက်စ်ကားအား ငေးကြည့်နေမိသည်။ အဆိုပါကားသည် Jungkookတို့၏ကားထက် အနည်းငယ်မြင့်မားနေပြီး ကားပေါ်တွင် လူများပြွတ်သိပ်နေကာ မက်တပ်ရပ်၍ စီးနှင်နေရသူများလည်းရှိသည်။ တစ်နေ့ကုန် ပင်ပန်းနွမ်းလျနေကြသဖြင့် အချို့တစ်ဝက်သည် ငိုက်မြည်းနေကြသည်။ ရုပ်ချည်းဆိုသလို
ထိုဘက်စ်ကား၏ နေရာတစ်နေရာသို့ Jungkook အကြည့်ရောက်သွားခဲ့သည်။

တမဟုန်ချင်းပင် Jungkook၏ မျက်လုံးများသည် ထိုနေရာမှ မခွာနိုင်တော့ပေ။ ထူးခြားစွာ ဆွဲငင်လွန်းနေသော အကြင်သူသည် Jungkookအား လေဟာနယ်သို့
ခေါ်ဆောင်သွားပေသည်။

မျက်တောင်မခတ်တမ်း အပြုအမူတစ်ခုချင်းဆီတိုင်းအား Jumgkook ငေးစိုက်ကြည့်နေရင်း နှလုံးအိမ်သည် ဗရမ်းဗတာခုန်ပေါက်လာကာ ဒေါသစိတ်သည် ခန္ဓာကိုယ်ထဲတွင် မကြာမီပေါက်ကွဲထွက်အံလာတော့မည့် မီးတောင်များပမာ ရဲရဲတောက် ဖြစ်ပေါ်လာသည်။

Jiminသည် အိမ်သို့ပြန်ကာ လိုအပ်သော ပစ္စည်းပစ္စယများ ထုပ်ပိုးပြီးနောက် Taehyung၏ အလာအား စောင့်မျှော်နေခဲ့သည်။ Jimin၏ နှလုံးသားသည် တဆုံးခုန်ပေါက်နေခဲ့သည်။ မကြာမီတွင် သူသည် Jungkookနှင့်အတူ တစ်အိမ်ထဲတွင် နေရတော့မည်။ မနက်မိုးလင်းတိုင်း ထိုသူ၏ မျက်နှာလေးအား မြင်တွေ့ရပေတော့မည်။ လွမ်းဆွတ်တမ်းတနေစရာ မလိုတော့ဘဲ ယခုအချိန်တွင် Jungkookသည် သူနှင့်အနီးကပ်ဆုံး ရှိနေတော့မည်ဖြစ်သည်။

ရာသီဥတုသည် အေးစိမ့်စိမ့်လေး ဖြစ်နေခဲ့ပြီး အရင်ရက်တွေထက်တော့ အအေးပိုပေါ့နေသောကြောင့် အဝါရောင်စွယ်တာလေးကိုသာ အဖြူရောင် တီရှပ်လေး ခံပြီးဝတ်ထားလိုက်သည်။ တစ်ချက်ချက် တိုးဝှေ့ဝင်လာသော လေထုကြောင့် Jiminသည် လက်နှစ်ဖတ်ကို စုစည်းကာပွတ်သပ်လိုက်သည်။
မကြာမီပင် Taehyungဆီမှ ဝင်လာသော ဖုန်းအား ရွှင်လန်းစွာ ကိုင်လိုက်ပြီးသည့်အခါ တက်ကြွနေသော စိတ်သည် အနည်းငယ်
ကျဆင်းသွားရသည်။

ချစ်သောဒေါက်တာ(completed) Kde žijí příběhy. Začni objevovat