လူများတော့ ပျောက်သွားမှာဆိုးလို့
.................................................................................
Jiminသည် စာအုပ်စင်အား မှီကာရပ်နေသည်။ ယခုအချိန်ထိ မယုံကြည်နိုင်သေးစွာ ခေါင်းပတ်ပတ်လည်တွင် Question Mark '?'ပေါင်းများစွာ ဝိုင်းရံနေသည်။
''အဲ့တော့ ဒါက Namjoon hyungရဲ့ညီမလား''
ဆံပင်နှစ်ခွကျစ်ထားကာ ဂါဝန်အဝါရောင်လေးဝတ်ထားသော ကလေးမအား
ကြည့်ကာ Jiminအော်ပြောလိုက်သည်။
Jin hyungသည် ထိုကလေးမလေးအား ပေါင်ပေါ်တင်ကာ ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်ပြနေသည်။ သဘောကျစွာ ပြုံးရီလာသော ထိုကလေးမ၏ ရှေ့သွားနှစ်ချောင်းသည် သွားပိုးစားကာ ကျိုးပဲ့နေသည်။''ဟုတ်တယ်လေ...''
Jinhyungက ပေါ့ပေါ့ပါးပါး ပြန်ဖြေလာသည်။
''ဒါပေမဲ့..သူကသရဲလေ..သရဲတောင်ရိုးရိုးသရဲမဟုတ်ဘူး..အစိမ်းသေ''
''ဆာဟယ်..ပုံပြင်လေးဖတ်နေနော်...hyungဒီကိုကိုနဲ့ စကားတစ်ချက်ပြောလိုက်ဦးမယ်..''
''ဟုတ်..''
Jin hyungသည် Jiminအား ပန်းခြံရှေ့သို့ ဆွဲခေါ်လာခဲ့သည်။
''အဲ့စကားကို Namjoonရှေ့တော့ သွားမပြောနဲ့..''
''ဒါပေမဲ့..hyungက အဲဒီ့အစိမ်းသေ သရဲနဲ့
တစ်အိမ်တည်း တူတူနေနေတာလေ..''''Hyungချည်းဘဲမဟုတ်ဘူးလေ..Jiminလည်း
တူတူဘဲမလား..''''မတူဘူး..Jungkookက မသေသေးဘူး..
သူကဝိဥာဥ်''''အော်..အော်''
စောင့်အောင့်စွာ Jimin၏ နားအား
လော်စပီကာအသံနှင့် လှမ်းအော်လိုက်သည်။''hyung!! လိပ်ပြာတွေတောင်လွှင့်ကုန်ပြီလားဘဲ..''
''လွင့်ပါစေပေါ့..''
''နေပါဦး..ဒါဆို အဲ့သွားကျိုးက
လီချယ်ယောင်းကြောင့် သေသွားတာပေါ့''''သွားကျိုးမဟုတ်ဘူး..ဆာဟယ်ပါဆိုနေ..
ကင်မ်ဆာဟယ်''''အိုခေ..အိုခေ..ဆာဟယ်က ဘယ်လိုအသတ်ခံရတာလဲ..''
''Namjoon hyungက သူ့အမေကို သွားခိုးတွေ့တာ..ပြောရမယ်ဆို ဆာဟယ်က အတင်းပူဆာနေတာနဲ့ ခိုးတွေ့တာ...အဲ့ဒါကို
လီချယ်ယောင်းတပည့်တွေက တွေ့သွားပြီး သူတို့မောင်နှမနှစ်ယောက်ကို လိုက်သတ်တော့တာဘဲ..ပြေးရင်းပြေးရင်း..ဆာဟယ်နဲ့ လမ်းကွဲသွားပြီးNamjoonပြန်တွေ့တဲ့အချိန်မှာ ဆာဟယ်က သွေးအိုင်ထဲမှာ အသက်မရှိတော့ရှာဘူးလေ..''
ESTÁS LEYENDO
ချစ်သောဒေါက်တာ(completed)