Chapter 9

556 80 5
                                    

UNI....

ကိုကို့ ကို စတွေ့တုန်း သတိထားမိသွားတာ မျက်လုံးဝိုင်းလေးတွေကြောင့်ဖြစ်သည်။တမူထူးခြားတဲ့ ကိုကို့မျက်လုံးလေးတွေက တကယ်ကို ဆွဲဆောင်မှု တစ်ခုလိုပဲ။အချစ်လား။ဘာလား။ဝေခွဲမရပေမယ့် ကိုကိုရဲ့မျက်လုံးဝိုင်းလေးတွေကို အရမ်းသဘောကျခဲ့တယ်။ဆူပုတ်ပုတ်နှင့် ကျွန်တော်ကို ကြည့်မရဖြစ်နေသည့်ကိုကိုရဲ့အပြုအမှုပိစိလေးတွေက တကယ်ကို အူယားစရာလေးပင်။

အမေနဲ့မတည့်တဲ့ကိုကိုက အန်တီနဲ့ ရန်အသေးစားလေးတွေ ခဏ ခဏ ဖြစ်တတ်တယ်။အငယ်ဆုံးလေးဖြစ်၍ ဆိုးတေနေတဲ့ကိုကိုက ‌ကျောင်းစာမှာတော့ တော်သည်။ဂီတာလည်း ကောင်းကောင်းတီးတတ်ပြီး စာတော်တဲ့ကိုကိုက မျက်မှန်အဝိုင်းလေးကို တပ်ထားရသည်။ထိုမျက်မှန်လေးနဲ့ ကိုကိုက သိပ်လိုက်ဖက်သည်။ဘောင်းဘီတိုလေးနဲ့T_Shirtအပွလေးဝတ်ရင်လည်း ဆွဲဆောင်မှုရှိနေပြန်ရော။

တကယ်ပဲ ကိုကိုရဲ့ပြည်စုံမှုက မနာလိုချင်စရာကောင်းလိုက်တာ။

လူတစ်ယောက်ကို ချစ်ဖို့ငယ်လွန်းတဲ့အသက်အရွယ်မှာ ကျွန်တော်က လူတစ်ယောက်ကို ကြိတ်ကြွေခဲ့တယ်။အပြုံးတွေက ချစ်ဖို့ကောင်းပြီး ကလေးဆန်တဲ့ကိုကိုက ကျွန်တော်အတွက် ပြီးပြည်စုံမှုလေး။လူတွေက အချစ်နဲ့တွေ့ရင် ထူးထူးဆန်းဆန်းတွေ လုပ်တတ်ကြတယ်ဆိုတဲ့စကားက အမှန်ပါပဲ။မနက်စောစော အိပ်ရာထရမှာကိုပျင်းတဲ့ကျွန်တော်က ကိုကို့အိမ်ကိုရောက်ကတည်းက အစောကြီးထဖြစ်တယ်။အဘိုးအတွက် လိမ္မာတဲ့မြေးလေးလည်း ဖြစ်လာပြီး ဘာလုပ်လုပ် အကောင်းဆုံးတွေပဲ လုပ်ဖြစ်တယ်။ကိုကို ကျွန်တော်ကို ချီးကျူးလေမလားစိတ်သည့်စိတ်နှင့် အိမ်စာတွေ မှန်မှန်လုပ်ဖြစ်တယ်။

ကိုကိုက အနေအေးသလောက် ပျော်ပျော်နေတတ်ပြီး အပေါင်းအသင်း ပေါသည်။
ဘာကြောင့် အနေအေးတဲ့ကိုကိုက အပေါင်းအသင်းပေါသလဲ အဖြေရှာမိတော့ သိပ်တော်ပြီး ထက်မြတ်နေတာကြောင့် ဖြစ်သည်။ကိုကိုက ကျောင်းမှာ လှုပ်ရှားမှုမှန်သမျှ ပါဝင်တတ်သလို ကျောင်းကော်စီအဖွဲ့ဝင်လည်း ဖြစ်၏။လူအများကြီးဆီက လေးစားမှု၊ဂရုစိုက်မှုရရှိတဲ့ကိုကိုက ကျွန်တော်အတွက် စံပြပုဂ္ဂိုလ်ပါပဲ။

WHEN YOU REMEMBER ME Tempat cerita menjadi hidup. Temukan sekarang