Chapter 7

598 77 13
                                        

UNI...

ကံကြာမ္မာက ကိုကိုနဲ့တွေ့ဆုံခွင့်ပေးလိုက်တာကို တကယ်ကျေးဇူးတင်သည်။(၅)နှစ်သားအရွယ်
ကတည်းက ဘိုးဘိုးနဲ့အတူ နေလာခဲ့သူမို့ တစ်ခြားသူ တွေထက် ရင့်ကျက်တည်ငြိမ်တဲ့ကျွန်တော်က ကိုကိုရှေ့မှာတော့ ကလေးလေးတစ်ယောက်လို ပြုမှုနေချင်သည်။ပထမက အစ်ကိုတစ်ယာက်ရလိုက်သည့်စိတ်ဖြင့် ပျော်ရွှင်ခဲ့တယ်။နောက်ပိုင်းမှာ ကျွန်တော့်စိတ်က အရောင် တွေပြောင်းနေမှန်း ရိပ်မိလာသည်။မမြင်ရင် လိုက်ရှာတတ်ပြီး ၊မတွေ့ရရင် မနေနိုင်သည့်စိတ်က ကျွန် တော်ကို ထပ်တလဲလဲ နှိမ်စက်သည်။ကိုကိုက ကျွန်တော်ကို ကြည့်မရတာ သိလျက်နှင့် တွယ်ကပ်နေချင်သည်။ကိုကို့အနားနေချင်သည့်စိတ်ကြောင့် အမြဲကပ်တွယ်မိတော့ ကိုကိုက ကျွန်တော်ကို စိတ်ရှုပ်စရာ၊လူရှု‌‌ပ်လေးဆိုပြီး မြင်လာသည်။

ကိုကို ကျွန်တော်အပေါ်ထားသည့် ထိုစိတ်လေးကို သိရတော့ ဝမ်းနည်းရ၏။ဒါပေမယ့် ကိုကိုမှာ အလွန်းဖြူစင်တဲ့စိတ်ထားလေး ရှိနေခဲ့တယ်။စာကြည့်တိုက်မှာ ကျွန်တော် အိပ်ပျော်နေတုန်း ကိုကို လစ်ထွက်သွားခဲ့တယ်။ဒါက ဝမ်းနည်းဖို့ကောင်းလွန်းလို့ ကျွန်တော် ထိုင်ငိုနေမိခဲ့တယ်။ကျွန်တော်ကိုယ့်ကျွန်တော်လည်း အပြစ်တင်မိတယ်။အိပ်ပျော်သွားရင် ကိုကို ထားခဲ့မှာ သိလျက်နှင့် အိပ်ပျော်သွားတာကို တကယ်စိတ်ပျက်မိတယ်။နေရာအသစ်ကို ရောက်ခါစမို့ လမ်းတွေ မမှတ်မိတာကိုလည်း စိတ်ပျက်သည်။တကယ်ကို ကျွန်တော်က သုံးစားလို့မရတဲ့သူ။အများကြီး ဝမ်းနည်းပြီး ငိုကြွေးနေတဲ့အချိန်မှာ ကိုကိုက ကျွန်တော်ဆီ ပြန်လာခဲ့သည်။မျက်နှာလေးက လောကတွေရောက်နေပြီး သူထားသွားခဲ့မှန်း ကျွန်တော်ရိပ်မိသွားမှာကို တွေးပြီး ပူပန်နေသည်။ချွေးတွေထွက်ပြီး မြန်ဆန်နေတဲ့ကိုကို့ရင်ခုန်နှုန်းတွေကြောင့် ကျွန်တော် ကြိတ်ပျော်ခဲ့ရသည်။ကိုကိုက ကျွန်တော်ကို စိတ်ပူပြီး ပြေးလာခဲ့တာဘယ်လောက်တောင် ပျော်ဖို့ကောင်းလဲ။ကျွန်‌တော် ဝမ်းနည်းမှာကြောက်လို့ လိမ်ညာပြီးဖြေခဲ့တာ တွေးပြီး ကြည်နူးမှုဖြင့် ရင်တဒိတ်ဒိတ်ခုန်ခဲ့တယ်။ကိုကို တကယ်ပဲ ဆိုးလိုက်တာ။

WHEN YOU REMEMBER ME Where stories live. Discover now