". .....ခွပ်.....မင်းဘယ်လိုတောင်ရိုင်းစိုင်းနေရတာလဲ....ငါကမင်းကိုအဲ့လိုရိုင်းအောင်သင်ပေးထားတာလား.....ခွပ်.....ခွပ်......"
". ...တော်ပါတော့ အကိုရယ် သားကတမင်ပြောတာမဟုတ်ပါဘူး သားစိတ်ညစ်စရာရှိလို့ပြောမိသွားတာပါအကိုရယ်.....စိတ်လျှော့နော်.....သားလဲသားဖေဖေကိုတောင်းပန်လိုက်နော်......."
". ...ဒီမှာ ခင်များလိုမိန်းမဆီကသားလို့ခေါ်သံကြားရတာနားခါးလိုက်တာ.....ကျုပ်အဖေကိုဘယ်လိုတောင်မြူစွယ်လို့.....ကျုပ်အဖေကကျုပ်အမေဆုံးပြီးတစ်နှစ်လောက်ပဲရှိသေးတယ်ခင်များကိုအိမ်ပေါ်ခေါ်တင်လာတာလဲ......ဟက်ခင်များကဘယ်အတန်းအစားထဲကမို့ကျုပ်လိုလူကို သားလို့ခေါ်ရတာလဲ......တောက်......."
". ....တောက်..နေထက်မြတ်သူ မင်းရိုင်းလှချည်လား....."
နေထက်ကိုထိုးဖို့လက်ရွယ်လိုက်တဲ့ဖေဖေကြောင့်နေထက်လဲခံပြင်းလာတာကြောင်ဖေဖေထိုးလို့ရအောင်မျက်နှာကိုမော့ပေးလိုက်တယ်
နေထက်ကိုအရမ်းအလိုလိုက်ပြီးထိုးဖို့မပြောနဲ့အသံကျယ်ကျယ်နဲ့တောင်မအော်ဖူးတဲ့ဖေဖေကအခုနေထက်မေမေရဲ့နေရာကိုယူနေတဲ့မိန်းမတစ်ယောက်အတွက်နေထက်ကိုတောင်ထိုးနေပြီလေ
". ..ထိုးလိုက်ဖေဖေ.....ဖေဖေကြိုက်သလောက်ထိုး.....သားကတော့ဒီမိန်းမကိုမေမေ့နေရာမှာအစားမထိုးနိုင်ဘူး.......ဒီမိန်းမနဲ့လဲတစ်အိမ်ထဲမနေနိုင်ဘူး.....သားဖွားဖွားတို့ဆီသွားနေမှာ....."
". ....ဒုန်း......ဒုန်း.....ဒုန်း ......''
". ...နေထက်မြတ်သူ....ရပ်လိုက်စမ်း....ငါပြောလို့မပြီးသေးဘူး......."
နေထက်အနောက်ကဖေဖေအော်တာကိုဂရုမစိုက်ပဲအိမ်ပေါ်ကိုတ ဒုန်းဒုန်း မြည်အောင်ပြေးတက်သွားလိုက်ပြီးအဝတ်တွေနဲ့လိုအပ်တဲ့အသုံးအဆောင်တွေရယ်မေမေ့ရဲ့ပစ္စည်းတွေရယ်ထည့်လိုက်တယ်
ပြီးတော့နေထက်မွေးနေ့တုန်းကဖွားဖွားဝယ်ပေးထားတဲ့ကားပေါ်ကိုပစ္စည်းတွေထည့်လိုက်တယ်". ...နေထက်မြတ်သူ.....မင်းဘာအချိုး ချိုးနေတာလဲ.....အဲ့အဝတ်တွေအကုန်အထဲပြန်ထည့်.....ဖေဖေမင်းနဲ့စကားမများချင်ဘူးနော်......."
YOU ARE READING
မြတ်နိုးရပါသောအလှလေး