part 8 u/z

794 51 12
                                    

"ဝိုင်"
"ပြီးပြီလား သွားကြမယ်လေ"
"အင်း သွားမယ် "
"ကိုယ့်နောက်လိုက်ခဲ့မယ်မလား"
"ဟင့်အင်း ငါ့စက်ဘီးနဲ့ငါသွားမှာ"
"ဝိုင်ကလဲကိုယ်ကတင်ချင်တာကို"
"လာစမ်းပါ သွားမယ်"

အလှလေးကစက်ဘီးထုတ်ပြီးရှေ့ကထွက်သွားတာမို့နေထက်လဲအမြန်လိုက်သွားရတယ်
ကျောင်းကိုရောက်တော့အရမ်းစောနေသေးသလိုဘာမှသိပ်လုပ်စရာမရှိတာမို့နေထက်နဲ့အလှလေးကအခန်းဘက်ကိုသွားကြည့်ဖို့ပြင်လိုက်တယ်တခြားလူတွေကတော့ဟောခန်းမထဲမှာနဲ့မုန့်စျေးတန်းတွေမှာပြည့်နေကြတယ်

ဆရာမတွေဆရာတွေရောက်ဖို့ကြာနေသေးတယ်
အလှလေးကအိပ်ချင်တယ်ဆိုလို့ခုံပေါ်မှာညာလက်ကိုဆန့်ပြီးခေါင်းအုံးကာနေထက်ဘက်ကိုမျက်နှာလှည့်ပြီးအိပ်နေတယ်
၁၅မိနစ်လောက်ကြာတော့အလှလေးကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်ထင်ပါရဲ့အသက်ရှူသံလေးတွေကဖြေးဖြေးမှန်မှန်ဖြစ်နေတယ်
နေထက်အလှလေးမျက်နှာကိုတစိမ့်စိမ့်ထိုင်ကြည့်နေလိုက်တယ်လှတယ်
အလှလေးအိပ်နေတဲ့ပုံလေးကလှတယ်
အသားဖြူတော့ပါးပြင်ဖွေးဖွေးလေးတွေကထင်းနေတယ်နှခမ်းရဲရဲလေးတွေကလဲချစ်စရာကောင်းနေတယ်

နေထက်ကြည့်ရင်းကနေဖွေးဥနေတဲ့ပါးပြင်လေးကိုထိကြည့်ချင်လာတယ်
ငြိမ်သက်စွာအိပ်နေတဲ့အလှလေးကိုကြည့်ရင်းလက်တွေကလဲအလှလေးပါးပေါ်အလိုလိုရောက်သွားမိတယ်

ဂျယ်လီတုံးလေးလိုအိအိလေးနဲ့ကိုင်လို့ကောင်းတာကြောင့်နေထက်လဲသတိလက်လွတ်ကိုင်နေမိတယ်

နေထက်အသဲယားလွန်းလို့ညစ်ကြည့်လိုက်တော့အလှလေးကအိပ်မက်ယောင်နေသူလို့တစ်ချက်ညီးလိုက်ပြီးပြန်အိပ်သွားတယ်

နေထက်ညစ်လိုက်လို့ရဲသွားတဲ့ပါးပြင်နုနုလေးကိုကြည့်ရင်းရင်တွေခုန်လာရတယ်

ပြီးတော့နေထက်မျက်နှာကိုအလှလေးနားတဖြည်းဖြည်းကပ်သွားပြီးရဲနေတဲ့အလှလေးပါးပြင်ကိုငုံ့နမ်းလိုက်တယ်
မွှေးတယ်  အလှလေးပါးကအိအိလေးနဲ့မွှေးလိုက်တာ
နေထက်အတော်ကြာအောင်အလှလေးပါးမှာထိကပ်ထားတဲ့နှခမ်းတွေကိုမဖယ်လိုက်မိဘူး

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now