"ကိုကို ဘယ်တက္ကသိုလ်ကိုတက်မယ်လို့တွေးထားလဲ"
"မန္တလေးလေ ဘာလို့မေးတာလဲ"
"ကျွန်တော်က ကိုကိုတက်တဲ့နေရာလိုက်တက်မလို့ပါဗျ"
"ဘာမှလဲမဆိုင်ဘူးကိုယ့်ဘာသာတက်ချင်တဲ့နေရာတက်ပေါ့ "
"ကျွန်တော်က ကိုကိုရှိတဲ့အရပ်မှာပဲတက်ချင်တာဗျ"
"ငါကရန်ကုန်မှာသွားတက်ရင်ရော"
"ကျွန်တော်ရောလိုက်မှာပေါ့"
"ငါကကျောင်းသုံးနှစ်နားပြီးမှပြန်တက်ရင်ရောမင်းဘယ်လိုလုပ်မလဲ"
"အင်းအဲ့တာကတော့ ကိုကိုနားရင်ကျွန်တော်ရောနားမယ်လေ ကျောင်းနားထားတဲ့ကြားမှာအလုပ်တွေရှာလုပ်ထားရမယ်"
"မင်းကဘာအလုပ်လုပ်မလို့လဲ"
"ဖေဖေ့အလုပ်တွေက ကိုကြီးကူနေတာဆိုတော့ကျွန်တော်ဖေဖေ့ဆီကအရင်းအနှီးယူပြီးစီးပွားရေးစလုပ်ကြည့်မလားလို့ပါဗျာ"
"မင်းဘာလို့အလုပ်တွေအဲ့လောက်လုပ်ဖို့တွေးထားတာလဲငါတောင်ဘာမှမတွေးထားဘူး အလုပ်လုပ်ရမှာပျင်းတယ်...ဟာမ်းးး..ပြောရင်းအိပ်ချင်လာပြီ"ကိုကိုကအာသမ်းလိုက်တော့မျက်လုံးဝိုင်းလေးတွေဆီမှာအရည်ကြည်လေးတွေဖြစ်ပေါ်လာတယ်။ကိုကိုကသူ့လက်သေးသေးလေးတွေနဲသုတ်နေတာလေးကချစ်ဖို့ကောင်းလိုက်တာ။မာန်ကိုကို့ကိုပြုံးကြည့်လိုက်ပြီးကိုကိုမေးတာကိုဖြေလိုက်တယ်။
"အနာဂတ်အတွက်အလုပ်တွေကြိုလုပ်ထားချင်လို့ပါ ဒါမှကျွန်တော်အိမ်ထောင်ပြုတဲ့အခါကျွန်တော့်အိမ်ထောင်ဖက်ကိုကောင်းကောင်းထားနိုင်မှာ"
"ဟွန့် "ကကြိုးနှာခေါင်းရှုံ့လိုက်မိတယ်။အခုမှဆယ်တန်းပြီးထားတာကိုမိန်းမယူဖို့အတွက်ပြင်ဆင်ချင်နေတဲ့ကောင်ကသူ့မိဘတွေအတွက်တကယ့်ကိုမွေးရကြိုးနပ်တဲ့သားပဲ။
"မင်းကမိန်းမယူဖို့တောင်တွေးနေပြီနော်...ငယ်ငယ်လေးပဲရှိသေးတာကို.. မင်းမိဘတွေကိုအရင်လုပ်ကျွေးအုံး"
"ကျွန်တော်မိန်းမယူမယ်လို့ပြောမိလို့လား"
"အမ် မင်းပဲမင်းအိမ်ထောင်ဖက်ကိုကောင်းကောင်းထားနိုင်အောင်လုပ်မှာဆို"
"ဟုတ်တယ်လေ ကျွန်တော့်အိမ်ထောင်ဖက်ကယောကျာ်းလေးလဲဖစ်နိုင်တယ်လေ"
"ဟမ် ဘယ်လိုလို့ဖြစ်နိုင်မှာလဲ"
"ဘာလို့မဖြစ်နိုင်ရမှာလဲဗျာ တကယ်တော့ကျွန်တော်ကgayတစ်ယောက်ပါ"
"ဘာ"
YOU ARE READING
မြတ်နိုးရပါသောအလှလေး