"တူ......တူ.....တူ"
နေထက်နဲ့မေငယ်အေးရိပ်အေးကိုခနတုန်းကမှရောက်လာကြတယ်။မေငယ်ကအဖွားနဲ့စကားပြောရင်းကျန်ခဲ့တယ်။နေထက်ကတော့ကားမောင်းရတာပင်ပန်းလို့ဖွားနဲ့စကားခနပြောပြီးရေချိုးနေတယ်။
ရေချိုးပြီးအပြင်ထွက်လာချိန်ဖုန်းသံမြည်နေတာကိုကြားလိုက်ရတော့ဖုန်းအနားကိုသွားလိုက်ပြီဖုန်းကိုင်လိုက်တယ်။ဖုန်းကိုင်ကိုင်ချင်းမှာပဲဖေဖေ့ရဲ့အော်သံစူးစူးကြီးထွက်လာတော့နေထက်နားကနေဖုန်းကိုခွာလိုက်ရတယ်။
"နေထက်မြတ်သူ "
"ဗျာ....ဖြေးဖြေးအော်ပါဖေဖေကလဲ"
"မင်းဘာလုပ်သွားတာလဲဖေဖေကိုစောင့်ဖို့မပြောခဲ့ဘူးလား"
"ပြောခဲ့တယ် လေ သားမှမစောင့်နိုင်တာကို....ဖေဖေကသားကားမောင်းကြမ်းလို့စိတ်မချမှာစိုးလို့မေငယ်ကိုတောင်ခေါ်လာသေးတယ်"ကမ္ဘာဘယ်လိုပြန်ပြောရမလဲတောင်မသိတော့ဘူး။သားကဘယ်သူနဲ့တူလို့လဲမသိဘူးတစ်စွတ်ထိုးသိပ်လုပ်တတ်တာပဲ။မဖြစ်သေးပါဘူးကမ္ဘာအလုပ်တွေကိုမြန်မြန်ဖြတ်ပြီးလိုက်သွားရမယ်။အရိပ်ကမေမေနဲ့သိပ်ရင်းနှီးသေးတာမဟုတ်ဘူး။တစ်ယောက်ထဲအားငယ်နေရှာမှာ။(😊😊ဦးကမ္ဘာထက်သာကသူ့ဇနီးကိုပဲစိတ်ပူရှာတာသားလေးအတွက်တော့so sad😄😄)
"မင်းဘယ်သူနဲ့တူလို့အဲ့လောက်စိတ်မြန်လက်မြန်ဖြစ်နေရတာလဲ....ဟင်းးးးထားလိုက်တော့ဖေဖေအလုပ်တွေအမြန်ဖြတ်ပြီးလိုက်လာခဲ့မယ်....မင်းရဲ့မေငယ်ကိုလဲဂရုစိုက်အုံးတစ်ယောက်ထဲအားငယ်နေအုံးမယ်"
"စိတ်မပူပါနဲ့ ဗျာ ဦးကမ္ဘာထက်သာရဲ့ဇနီးလေးကိုသေချာစောင့်ရှောက်ပေးပါ့မယ်ဗျာ....အခုမေငယ်ကတော့ဖြင့်ဖွားဖွားနဲ့စကားအပြောကောင်းပြီးကျွန်တော့်ကိုတောင်မေ့နေလေရဲ့ဗျာ"
"အေးပါ... ဒါဆို ဒါပဲ ဖေဖေအလုပ်တွေပြန်လုပ်လိုက်အုံးမယ်...ခနကျရင်သားမေငယ်ကိုဖေဖေ့ဆီဖုန်းဆက်ဖို့ပြောလိုက်အုံး"
"ဟုတ်ကဲ့ပါဗျာ "ဖေဖေ ဖုန်းချသွားတော့နေထက်ဖုန်းကိုကြည့်လိုက်ပြီးပြုံးကာခေါင်းခါလိုက်တယ်။စိတ်မြန်လက်မြန်ရှိတာဘယ်သူနဲ့တူလဲဆိုတော့ဖေဖေနဲ့တူတာပေါ့ဗျာလို့ပြောလိုက်ချင်မိတယ်။
YOU ARE READING
မြတ်နိုးရပါသောအလှလေး