part 18 u/z

543 37 4
                                    

"အွန်း.... ပြွတ်စ် "
"ပြွတ်စ်ပြွတ်စ် "

နေထက်အလှလေးနှခမ်းတစ်ခုလုံးကိုစုပ်ပြီးမှလွတ်ပေးလိုက်တယ်။အလှလေးကအဲ့တော့မှပါးစပ်လေးဟပြီးအသက်လုရှူနေတယ်။နေထက်ပြုံးလိုက်ပြီးအလှလေးကိုခါးကနေဆွဲလိုက်ပြီးရင်ဘတ်ချင်းကပ်စေလိုက်တော့အလှလေးနှာခေါင်းထိပ်လေးနဲ့နေထက်နှခေါင်းထိပ်လေးတွေကထိကပ်နေကြတယ်။
နေထက်အလှလေးကိုချစ်ရည်ရွမ်းနေတဲ့မျက်လုံးတွေနဲ့အလှလေးမျက်လုံးကိုတည့်တည့်စိုက်ကြည့်လိုက်တယ်။

"ချစ်လိုက်တာ ကွာ...ကိုယ်ဝိုင့်ကိုသိပ်ချစ်တာပဲသိလား"
"အွန်း သိတယ် "
"ဒါဆို ကိုယ့်ကိုဘယ်တော့မှအဖြေပြန်ပေးမှာလဲ"
"အွန်း မင်းကိုချစ်တယ် "
"ဟင်....ဝိုင်ဘာပြောလိုက်တာလဲ"

နေထက်အလှလေးဆီကဒီစကားကြားရမယ်မှန်းသိပေမယ့်အချိန်ကြာအုံးမယ်ထင်နေခဲ့တာ။နေထက်ရင်ခုန်သံတွေအရင်ကထက်တောင်ပိုမြန်လာတယ်။နေထက်အလှလေးခါးကလက်တွေကိုအလှလေးပုခုံးနှစ်ဖက်ကိုဆုပ်ကိုထားပြီးရင်ခုန်လွန်းလို့ဘာဆက်လုပ်ရမလဲမသိဘဲအလှလေးမျက်နှာကိုသာအမြတ်တနိုးကြည့်လိုက်တယ်။သူ့မြတ်နိုးရာလေးဆီကချစ်တယ်လို့ပြန်ပြောလာတဲ့အသံကကမ္ဘာပေါ်မှာနားဝင်အချိုဆုံးစကားလုံးလေးလို့နေထက်ခံစားမိတယ်။ရင်ခုန်တာရောပျော်တာရောပေါင်းပြီးအလှလေးကိုကြည့်ရင်းမျက်ရည်တွေဝိုင်းလာတယ်။

ဝိုင့်ကိုမယုံနိုင်သလိုကြောင်ပြီးစိုက်ကြည့်လာသူကြောင့်ဝိုင်မျက်နှာတွေပူပြီးရှက်သွားမိတယ်။ဝိုင်ကနေထက်အကြည့်တွေကိုမခံနိုင်တာကြောင့်မျက်နှာလွှဲထားမိတယ်။အဲ့အချိန်မှာဝိုင်လက်ပေါ်ရေစက်လေးတွေကျလာသလိုခံစားလိုက်ရတာကြောင့်နေထက်ကိုကြည့်လိုက်တော့နေထက်ကမျက်ရည်တွေကျနေပြီးပြုံးနေတယ်။ဝိုင်ဘာများဖြစ်သွားလဲဆိုပြီးစိတ်ပူသွားတယ်။ဝိုင်အမှားများပြောမိသွားတာလဲ။

"ထက်....ဘာလို့ ငိုနေတာလဲ...ဘာဖြစ်လို့လဲ"

ဝိုင်မေးလိုက်တော့နေထက်ကဝိုင့်ကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီးတင်းတင်းကျပ်ကျပ်ဖက်ထားတယ်။ဝိုင်လဲဘာဖြစ်နေတာလဲမသိတာကြောင့်ငြိမ်ငြိမ်လေးနေလိုက်ပြီးနေထက်ကျောပြင်လေးကိုဖွဖွလေးပုတ်ပေးလိုက်တယ်။

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now