". ..ဝိုင်.....ဝိုင်လို့....."
နေထက်ခေါ်နေတာကိုမကြားဟန်ပြုပြီးမုန့်တွေကိုသာအာရုံစိုက်ပြီးစားနေတဲ့ဝိုင်ကိုနေထက်အသဲယားလာမိတယ်
". ..ကိုယ်နဲ့စကားပြန်ပြောပါအုံးကွာ...."
". ...အဟမ်းငါမင်းနဲ့သူငယ်ချင်းမလုပ်ချင်ပေမယ့်မင်းငါ့ကိုကူညီပေးတာတွေကိုထောက်ပြီးမင်းနဲ့မိတ်ဆွေတော့လုပ်ပေးမယ်....အဲ့ထက်ပိုမလုပ်ပေးနိုင်ဘူး......"
"::. ....ဟုတ်ပါပြီကွာ...ကိုယ့်မိတ်ဆွေလေးရယ်....ကျောင်းတက်တော့မယ်ကိုယ်တို့အခန်းထဲပြန်ဝင်ကြမလား....."
". ...အင်း......"
နေထက်လဲအလှလေးလက်ကိုကိုင်ပြီးအခန်းဘက်ကိုခပ်သွက်သွက်လျှောက်လာလိုက်တယ်
". ...ငါ့လက်ကိုလွတ်လေ...."
". ..လူတွေကျပ်နေတာမင်းပျောက်သွားမှာစိုးလို့ပါကွာ....."". ..ဟွန့်ငါ့ကိုကလေးထင်နေတာလား....သေချာတိုင်းကြည့်ရင်ငါ့အရပ်ကမင်းထက်တောင်၁လက်မပိုရှည်နေအုံးမှာ....."
". ..အရပ်ကတော့ကိုယ်တို့ကအခုငယ်သေးတယ်လေနောက်ကျရင်အရပ်ရှည်အောင်ကြိုးစားလို့ရသေးတာပဲ.....အဓိကကျတာကဝိုင်ကကိုယ့်ထက်တစ်နှစ်ငယ်တယ်လေ....ကိုယ်က ကိုယ့်ထက်အငယ်လေးဖြစ်တဲ့ဝိုင့်ကိုကလေးလို့ပဲမြင်နေတာကိုယ့်အမှားလားကွာ........"
". ..ဟွန့် အသက်လေးတစ်နှစ်ကြီးတာကိုလာပြီးဂုဏ်ဆာနေသေးတယ်....."
". ...ဟက်....အနောက်ကနေဘာ တွေ တိုးတိုးလေးပြောနေလဲကိုယ်ကြားတယ်နော်......."
". ...ဟွန့်........"
သက်တံ့နှာခေါင်းလေးရှုံးလိုက်ပြီးနေထက်နောက်ကိုလိုက်လာခဲ့တယ်
နေထက်ကတော့အလှလေးလက်ကိုဆွဲကာပြုံးရင်းအခန်းထဲဝင်လာတယ်အဲ့အခိုက်အတန့်လေးကသိပ်ကိုကြည်နူးဖို့ကောင်းလွန်းတယ်
အတန်းထဲရောက်တော့မှနေထက်အလှလေးလက်ကိုလွတ်ပေးလိုက်ပြီးကိုယ့်နေရာကိုယ်ထိုင်လိုက်ကြတယ်နေ့လယ်ကျောင်းဆင်းချိန်ရောက်တော့ထမင်းစားဆောင်ကိုသွားဖို့နေထက်စာအုပ်တွေသိမ်းလိုက်ပြီးအလှလေးဖက်လှည့်လိုက်တယ်
YOU ARE READING
မြတ်နိုးရပါသောအလှလေး