part 10 u/Z

921 48 5
                                    

ဝိုင်အိပ်ပျော်နေတဲ့နေထက်အနားသွားလိုက်ပြီးဘေးမှာလှဲချလိုက်ပြီးမျက်နှာချောချောလေးကိုငေးနေလိုက်တယ်။

အိပ်နေတာတောင်ချောမောမှုကပျောက်မသွားဘူး။နှခမ်းထူထူလေးနဲ့သစ်စေ့သဏ္ဍန်မျက်လုံးလေးတွေကိုဝိုင်သဘောအကျဆုံးပဲ။
အမြဲဆံပင်တွေကိုဘေးခွဲထားတတ်တဲ့ကောင်လေးကအခုအိပ်နေတော့ဆံပင်တွေကမျက်စိတောင်ဖုံးတော့မယ်။

ဝိုင်ကနေထက်ရဲဆံပင်တွေကိုလက်ကလေးနဲ့အသာလှန်တင်လိုက်တော့မျက်နှာချောချောလေးကပိုပြီးပေါ်လွင်လာတယ်။

ဝိုင်လက်တွေကိုနေထက်ရဲ့ဆံပင်တွေပေါ်ကနေမဖယ်ပဲနေထက်မျက်နှာကိုပဲစိုက်ကြည့်နေတယ်။
အတန်ကြာအောင်ငေးကြည့်ပြီးမှမနက်မိုးလင်းခါနီးပြီမို့မနက်စာသွားချက်ဖို့ပြင်လိုက်ပြီးလှဲနေရာကနေထထိုင်လိုက်တော့နေထက်ကဝိုင့်လက်ကောက်ဝတ်ကနေအားနဲ့လှမ်းဆွဲလိုက်တယ်။

အလှလေးနဲ့နေထက်ကအရပ်တွေမသိမ်းမယိမ်းပဲမို့အလှလေးနဲ့နေထက်မျက်နှာကတစ်တန်းတည်းဖြစ်သွားတော့တယ်။နေထက်အလှလေးရဲ့ခါးကိုတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ပြီးလွမ်းနေခဲ့တဲ့မျက်နှာလှလှလေးကိုစိုက်ကြည့်နေလိုက်တယ်။

နေထက်ကအလှလေးကိုရွန်းရွန်းဝေနေတဲ့မျက်လုံးတွေနဲ့အလှလေးကိုစိုက်ကြည့်နေတယ်။

"ကိုယ်ဝိုင့်ကိုလွမ်းနေခဲ့တာ   ဝိုင်ရောကိုယ့်ကိုလွမ်းရဲ့လားဟင်"

နေထက်မေးလိုက်အလှလေးကကြယ်လိုတောက်ပနေတဲ့မျက်လုံးဝိုင်းလေးတွေနဲ့နေထက်ကိုကြည့်လာပြီးမျက်နှာလေးရှုံ့မဲ့ကာမျက်နှာကိုတစ်ဖက်သို့လှည့်သွားတယ်။

"ဟွန့်...မင်းကိုတောင်ငါကမေ့သွားပြီ"

"ဟက်...ကိုယ်ပြန်သွားတုန်းကနှုတ်မဆက်သွားလို့အလှလေးကစိတ်ကောက်သွားတာလား"

"ဘောကိုအလှလေး မင်းသေချင်နေပြီလားဖယ်ငါ့ကိုလွတ်စမ်း"

အလှလေးကနေထက်ရင်ဘတ်ကိုလက်သွယ်သွယ်လေးတွေနဲ့ထုပြီးရုန်းလာတော့နေထက်အလှလေးခါးအောက်ထဲတစ်ဖက်ကိုလျှိုသွင်းလိုက်ပြီးကျန်လက်တစ်ဖက်ကအလှလေးမေးစေ့ကိုဆွဲမော့ကာအကြည့်ချင်းဆုံစေလိုက်တယ်။

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now