Part 33 u/z

593 28 2
                                    

****၃နှစ်ခန့်ကြာသော်*****

ရုံးခန်းတစ်ခုအတွင်းမှာအသက်၃၀ ကျော်အရွယ်လူငယ်လေးကမျက်မှောင်တွေကြုတ်ရင်းတစ်ခုခုကိုအလိုမကျဖြစ်နေတယ်။
သူ့ဘေးကအတွင်းရေးမှူးကလဲကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေကြတယ်။သူကတစ်ခုခုကိုအသည်းအသန်ရှာဖွေနေပုံပဲ။

ခနအကြာတော့အတွင်းရေးမှူးလေးကတစ်ခုခုကိုရှာတွေ့သွားပုံရတယ်။နှခမ်းလေးတွေကပြုံးသွားပြီးအမျိုးသားငယ်ဘက်ကိုလှည့်သွားတယ်။

"သူဌေး ကျွန်တော် my husband ဂိုဏ်းနဲ့ပတ်သတ်ပြီးတစ်ခုခုတွေ့ထားတယ်ဗျ "
"ဟုတ်လား အဲ့ဂိုဏ်းခေါင်းဆောင်ကဘယ်သူလဲသိရပြီလား"
"အဲ့တာကတော့မဖော်ပြထားဘူးဗျ..ဂိုဏ်းချုပ်ကအပြင်ထွက်လေ့မရှိသလိုထွက်ရင်လဲရုပ်ဖြတ်ပြီးမှထွက်တာကြောင့်ဘယ်သူမှမမြင်ဖူးဘူး ...သူကအနေအထိုင်သိုသိပ်လွန်းတယ်....ဒါပေမယ့်ကျွန်တော်သူနဲ့ပတ်သတ်တဲ့သဲလွန်စဘယ်လိုရှာရမလဲသိပြီ"
"ဘယ်လိုလုပ်ရမလဲ "
"မနက်ဖြန်ညကျရင် rain ရဲ့မွေးနေ့ပါတီရှိတယ်...My husband ဂိုဏ်းရဲ့ဂိုဏ်းချုပ်ကိုလဲဖိတ်ထားတယ်တဲ့....ပြီးတော့တချို့တွေကပြောနေကြတယ်အဲ့ဂိုဏ်းရဲ့ခေါင်းချုပ်နာမည်ကငါ့ယောကျာ်းတဲ့ "
"ဟမ့် နာမည်ကလဲဆန်းလိုက်တာ"
"ဟုတ်တယ် ဗျ.....ဒါနဲ့ rain ကသူဌေးကိုလဲဖိတ်ထားတယ်ဗျသူဌေးသွားမှာလား "
"အင်း သွားမယ် မင်းပြင်စရာရှိတာတွေပြင်ထားလိုက်...အဲ့ညတော့အဲ့ငါ့ယောကျာ်းဆိုတဲ့ကောင်ကိုအမိဖမ်းရမယ် "
"ဟုတ်ကဲ့...ဒါဆို အခုကျွန်တော့ကိုသွားခွင့်ပြုပါအုံး "
"အင်း သွားတော့ "

ကောင်းထက်ကတံခါးအနားရောက်သွားတော့လွန်းအတွေးတစ်ခုဝင်လာတာကြောင့်ကောင်းထက်အပြင်မရောက်ခင်ပြန်ခေါ်လိုက်တယ်။

"ခဏလေးကောင်းထက်....ကိုယ်ပြောစရာရှိသေးတယ် "

ကောင်းထက်လဲအခန်းထဲကထွက်ဖို့တံခါးနားအရောက်မှာသူဌေးကပြောစရာရှိသေးတယ်ဆိုတော့ကောင်းထက်လဲသူဌေးအနားပြန်သွားလိုက်တယ်။

"ဟုတ်ကဲပြောပါသူဌေး "
"ကိုယ့်ကိုတစ်ခုတော့ကူညီပေး ဒီတစ်ခါတော့ ကိုယ်အဲ့ဒီငါ့ယောကျာ်းဆိုတဲ့ကောင်နဲ့တွေ့မှဖြစ်မယ်....အဲ့တာမင်းအကူအညီလိုတယ် "
"ဟုတ်ကဲ့ သူဌေးပြောပါကျွန်တော်ဘာကူညီရမလဲ "
"အင်း ကိုယ်Wကိုပြောထားလိုက်မယ်မင်းသူပြောတဲ့အတိုင်းလိုက်လုပ်လိုက် "

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now