part 23 u/z

555 35 0
                                    

နေထက်မနက်ဖြန်သစ်ရိပ်အေးကိုပြန်သွားရမှာဆိုတာကြောင့်ဒီနေ့ကတည်းကအဝတ်တွေနဲ့ပစ္စည်းတွေကိုပြင်ထားတယ်လေ။နေထက်အလှလေးကိုလွမ်းလှပြီ။အလှလေးနဲ့ခွဲရတာတစ်ပတ်ပြည့်တော့မယ်လေ။မနေ့ညကလဲအလှလေးနဲ့ဖုန်းပြောရင်းမနက်၃နာရီလောက်မှအိပ်တာကြောင့်နေထက်မနက်၉ခွဲလောက်မှအိပ်ယာထတယ်။အဝတ်တွေပစ္စည်းတွေပြင်ပြီးတော့၁၀ နာရီခွဲရောက်သွားတယ်။နေထက်လဲဗိုက်ဆာလာတော့အောက်ထပ်ကိုဆင်းလာတယ်။အောက်ထပ်ရောက်တော့ဧည့်ခန်းထဲမှာသတင်းစာဖတ်ပြီးထိုင်နေတဲ့ဖေဖေကိုတွေ့လိုက်ရတယ်။ဒေါ်ဒေါ်ကတော့မီးဖိုခန်းထဲမှာထမင်းဟင်းချက်နေတယ်ထင်ပါရဲ့အသံတွေကြားနေရတယ်။

ဖေဖေ့ကိုစိတ်ဆိုးမပြေသေးတာကြောင့်မမြင်ချင်ဟန်ဆောင်လိုက်ပြီးဒေါ်ဒေါ့်ဆီကိုသွားဖို့ပြင်လိုက်တယ်။အဲ့အချိန်မှာပဲဖေဖေကလှမ်းခေါ်လာတယ်။

"နေထက်....ဖေဖေ့အနားလာအုံးသား"
"ဟွန့်....."

ကမ္ဘာခေါ်လိုက်တော့ကမ္ဘာ့ကိုမမြင်ချင်ဟန်ဆောင်နေတဲ့သားကမျက်နှာဆူပုတ်ပုတ်နဲ့အရှေ့မှာလာထိုင်တယ်။သူ့အဖွားဆီသွားချင်တာကိုအချိန်ဆွဲနေလို့စိတ်ကောက်နေတယ်။သူ့အဖွားကိုဘယ်လောက်တောင်သံယောဇဥ်ကြီးနေရတာပါလိမ့်။(😊😊ဖေဖေကြီးကမသိရှာဘူးသူ့သားကဖေဖေကြီးရဲ့အနာဂတ်သမက်လှလှလေးနဲ့မတွေရလို့စိတ်ကောက်နေတယ်ဆိုတာကိုယ်လေ)

ကိုယ်အခုပြောမယ့်စကားကိုသားကြားရင်ပိုစိတ်ကောက်သွားမယ်ထင်တယ်။

"ဖေဖေပြောစရာရှိလို့....ဖေဖေအလုပ်ကမပြတ်သေးလို့နောက်တစ်ပတ်လောက်လိုသေးတယ်ဖေဖေကအခုအပတ်ပြီးမယ်ထင်နေတာမပြီးနိုင်သေးဘူးနောက်အပတ်မှသွားရအောင်လေ"

"ဟာ....ဖေဖေမရဘူးနော်ဖေဖေဒီအပတ်လို့ပြောပြီးပြီနော်...ဖေဖေမအားရင်လဲသားအရင်သွားနှင့်မယ်မစောင့်နိုင်တော့ဘူး"

"နေထက် နောက်အပတ်လေးကိုမစောင့်နိုင်ဘူးလား.....တစ်ယောက်ထဲမသွားရဘူး သားကားမောင်းတာအရမ်းကြမ်းတယ် ဖေဖေစိတ်မချဘူး....ဖေဖေစိတ်မဆိုးချင်ဘူးသားဖေဖေ့စကားနားထောင်....ဖေဖေအလုပ်တွေမြန်မြန်လက်စသတ်လိုက်မယ်....သားကလိမ္မာပါတယ်...ဖေဖေအလုပ်မသွားသေးပဲသားကိုပြောပြဖို့စောင့်နေတာအခုတော့အလုပ်သွားတော့မယ်"

မြတ်နိုးရပါသောအလှလေးWhere stories live. Discover now